တရုတ်နိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ကွန်ဂရက်လွှတ်တော်က မဲခွဲဆုံးဖြတ်မည်

News Image

  • တရုတ်နိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များကို ကွန်ဂရက်လွှတ်တော်က မဲခွဲဆုံးဖြတ်မည်

အမေရိကန်ကွန်ဂရက်လွှတ်တော်သည် တရုတ်နိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် ဥပဒေကို လာမည့်ရက်များတွင် မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ယင်းဥပဒေသည် အစိုးရလုပ်ငန်းများကို မတ်လလယ် အထိငွေကြေးထောက်ပံ့မည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းတွင် ပါဝင်နေကြောင်း လွှတ်တော်အမတ် များက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ပြောကြားလိုက် သည်။

အမေရိကန်နိုင်ငံဗဟိုဘဏ်သည် နိုင်ငံတော်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် တရုတ်နိုင်ငံရှိ ဉာဏ်ရည်တုနှင့် အခြားနည်းပညာကဏ္ဍများတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်သည့် နည်းဥပဒေများကို အောက်တိုဘာလတွင် အပြီးသတ် ရေးဆွဲခဲ့ပြီး လာမည့် ဇန်နဝါရီ ၂ ရက်နေ့တွင် စတင် အကျိုးသက်ရောက်မည်ဖြစ်သည်။

အဆိုပါဥပဒေကြမ်းတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်အသစ်များအပြင် တရုတ်နိုင်ငံထုတ် Routers များနှင့် Modems များကြောင့် ဖြစ်ပေါ်စေနိုင်သည့်အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအန္တရာယ်များ၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သောနေရာများ အနီးတွင် တရုတ်နိုင်ငံက အိမ်ခြံမြေ ဝယ်ယူမှုများကို ပြန်လည်သုံးသပ်ခြင်းအပါအဝင် တရုတ်နိုင်ငံနှင့် ပတ်သက်၍ သတိထားဆောင်ရွက်ရမည့် အခြားသော ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။

“တရုတ်နိုင်ငံသည် စီးပွားရေးရန်ဘက်ဖြစ်ပြီး ၎င်းတို့၏ အနာဂတ်ကို တရုတ်ကွန်မြူနစ်ပါတီရန်မှ ကာကွယ် စောင့်ရှောက်ရန် ပြတ်ပြတ်သားသား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ နည်းပညာကို တရုတ်နိုင်ငံ၏ လက်ထဲသို့ မရောက်ရှိ စေရန် အမေရိကန်၏ရင်းနှီးမြှုပ်နှံမှုများကို ဤဥပဒေဖြင့် အခိုင်အမာကန့်သတ်ထားခြင်းဖြစ်ကြောင်း” ဒီမိုကရက် တစ်ပါတီမှ အထက်လွှတ်တော်အမတ် Bob Casey က ပြောကြားလိုက်ပါသည်။

ကိုးကား - CNA