ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေးအသိပညာပေး
ကျောက်ဆည်၊ ဩဂုတ်-၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာရေး အသိပညာပေးလုပ်ငန်းများကို ကြက်မင်းတွန်ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းမကြီး လမ်းဆုံ မီးပွိုင့်တွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ်လုံခြုံရေးအရာရှိ ဗိုလ်မှူးဟိန်းကိုလတ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီး ဦးစိုးလင်းထွန်းနှင့်ဝန်ထမ်းများ၊ ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့၊ မြို့မ ရဲစခန်းမှ ဒုရဲအုပ်ရတနာထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် မိုးကျော်စိုးနှင့် တပ်ဖွဲ့ဝင် များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်း မောင်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းများ နှင့်ယာဉ်မောင်းသူများ လိုက်နာရန်၊ မော်တော်ဆိုင်ကယ်စီးနင်းသူများလိုက်နာရန်၊ လမ်းဖြတ်ကူးသူများ လိုက်နာရန် စသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်