တောင်ခမ်းတွင် နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်၊ TNLA အကြမ်းဖက်သမား ၆လောင်း ရရှိ

News Image

  • တောင်ခမ်းတွင် နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်၊ TNLA အကြမ်းဖက်သမား ၆လောင်း ရရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ တောင်ခမ်း ဒေသတွင် ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက နယ်မြေရှင်း စစ်ကြောင်းနှင့် TNLA အကြမ်းဖက်သမား၂၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLA အကြမ်းဖက်သမား အလောင်း ၂ လောင်း၊ Type-81 သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် TNLA အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး TNLA အကြမ်းဖက်သမား ၄ လောင်း၊ Type-81 သေနတ် ၃ လက်၊ ခဲယမ်း/ ကျည်အိမ်များ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကိုးကား-Myanmar National Post