ယီမင်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်ကို အစ္စရေးကြားဖြတ်ဟန့်တား
ဂျေရုဆလင် ဒီဇင်ဘာ ၂၅
ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည်တစ်စင်းကို အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်ဖြင့် ဒီဇင်ဘာ ၂၅ ရက်တွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်သည်။
အစ္စရေးနယ်မြေအတွင်းသို့မရောက်မီ အဆိုပါ ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။
ကြားဖြတ်ဟန့်တားမှုမှ အမြောက်ဆန်အပိုင်းအစများကျလာနိုင်သည့်အတွက် အစ္စရေးနိုင်ငံအလယ်ပိုင်းတွင် အချက်ပေးသံများ ထွက်ပေါ်လာခဲ့သည်။
ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ဒုံးကျည်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ငါးကြိမ်မြောက်အဖြစ် သန်းနှင့်ချီသော ပြည်သူများကို ခိုလှုံရာနေရာများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြခဲ့သည်။
ဟူသီသူပုန်များသည် လွန်ခဲ့သည့်နှစ်အောက်တိုဘာလမှစတင်၍ အစ္စရေးနိုင်ငံသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းတို့ပြုလုပ်ခဲ့သည်။
အစ္စရေးဘက်မှလည်း လေကြောင်းစစ်ဆင်ရေးများဖြင့် ပြန်လည်လက်တုံ့ပြန်ခဲ့သည်။
ဆင်ဟွာ
Source: မြန်မာ့အလင်း