ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်စခန်းတစ်ခု ရှင်းလင်း

News Image

  • ကန့်ဘလူမြို့နယ်တွင် PDF အကြမ်းဖက်စခန်းတစ်ခု ရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက မြို့နယ်အတွင်း နယ်မြေ ရှင်းလင်းနေသည့် တပ်မတော်၊ ပြည်သူ့စစ်(ကန့်ဘလူ) ပူးပေါင်းအဖွဲ့သည် တောင်ယာဆိပ်ရွာ၏ အနောက် မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် PDF အကြမ်းဖက်သမား ၁၀ ဦးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စခန်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထိတွေ့မှု ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိဘဲ PDF အကြမ်းဖက်စခန်းမှ လက်လုပ်သေနတ် (၁) လက်၊ လက်လုပ်မိုင်း (၅၀) လုံး၊ ရီမုမိုင်းဆားကစ် (၅) ခု၊ ကျည်ကာအင်္ကျီ (၃) ထည်၊ ပြောက်ကျားဦးထုပ် (၁) လုံး၊ ဟန်းကော (၅) လုံး၊ ၅ ယောက်အိပ်တဲ (၂) လုံး၊ မှတ်စု စာအုပ်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကိုးကား-Myanmar National Post