ကုန်ကျစရိတ်မြင့်တက်မှုကြောင့် ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းပြောင်းလဲ သတ်မှတ်

News Image

  • ကုန်ကျစရိတ်မြင့်တက်မှုကြောင့် ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းပြောင်းလဲ သတ်မှတ်

ဂျပန်နိုင်ငံတွင် စွမ်းအင်အတွက် ကုန်ကျစရိတ်မြင့်တက်မှုနှင့် ဝန်ဆောင်မှု ကဏ္ဍတွင်ဈေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် ဗဟိုဘဏ်က ယခုနှစ် ဒီဇင်ဘာလတွင် အတိုးနှုန်းအား ပြောင်းလဲ သတ်မှတ်ခဲ့ရသည်။

ဗဟိုဘဏ်သည် ဒီဇင်ဘာလအတွင်း အတိုးနှုန်းအား ၃ ဒသမ   ၀ အထိ တိုးမြှင့်ခဲ့ပြီး   လာမည့်နှစ်  ဇန်နဝါရီလ သို့မဟုတ် မတ်လအတွင်း၌လည်း လုပ်ခနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေများအပေါ် မူတည်၍ အတိုးနှုန်းကို ထပ်မံတိုးမြှင့်ဖွယ်ရှိသည်။

ဂျပန်အစိုးရသည် စီးပွားရေးပြန်လည် တိုးတက်လာစေရန်   ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိတွင် နိုင်ငံအတွင်းရှိ စက်ရုံများမှ ထုတ်ကုန်ထုတ်လုပ်မှု လျော့ကျခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းခြင်းတို့နှင့် ရင်ဆိုင်ရလျက်ရှိသည်။ နိုင်ငံအတွင်းရှိ စက်ရုံများမှ ကုန်ထုတ်လုပ်မှုသည် ယခုနှစ် နိုဝင်ဘာလအတွင်း ၂ ဒသမ ၃  ရာခိုင်နှုန်း ကျဆင်းလာခြင်းကြောင့် သုံးလအတွင်း ပထမဆုံးအကြိမ် ကျဆင်းခြင်းဖြစ်သည်။

ထို့ပြင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ယခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် ထူးထူးခြားခြား မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်လအတွင်း၌ ငွေကြေးဖောင်းပွမှုသည် ၂ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ဒီဇင်ဘာလအတွင်း၌ ၂  ဒသမ ၄ ရာခိုင်နှုန်း အထိမြင့်တက်လာသည်။

ဂျပန်ယန်းငွေ၏  တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ငါးလနီးပါးကျဆင်းလာခြင်းကြောင့် နိုင်ငံအတွင်းသို့ တင်သွင်းသည့်ကုန်ပစ္စည်းများ၊ အထူးသဖြင့် စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းသည် ပိုမိုမြင့်တက်လျက်ရှိသည်။  

Source: Myawady Web Portal