အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနိုင်ငံ အပေါ် ၂၅% အခွန် ကောက်ခံရန် ရည်ရွယ်ထားကြောင်း ပြောကြား

News Image

  • အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အိန္ဒိယနိုင်ငံ အပေါ် ၂၅% အခွန် ကောက်ခံရန် ရည်ရွယ်ထားကြောင်း ပြောကြား

ဝါရှင်တန်၊ ဇူလိုင် ၃၀ ရက် 

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ကုန် ပစ္စည်းများအပေါ် ၂၅% သွင်းကုန်ခွန်များ ချမှတ်ရန် ရည်ရွယ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ပါသည်။

အဘာဒင်း (Aberdeen) မှ ဝါရှင်တန်သို့ ပြန်လာစဉ် ၎င်း၏ လေယာဉ် ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုရာ၌ သမ္မတထရမ့်က "အိန္ဒိယ က ၂၅% ပေးဆောင်ရလိမ့်မည်" ဟု ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် အိန္ဒိယတို့အကြား ကုန်သွယ်ရေးသဘောတူညီချက် ပြင်ဆင်မှု ပြီးစီးပြီ လားဟု မေးမြန်းသောအခါ အိမ်ဖြူတော်အကြီးအကဲက "မိမိ သိသလောက် တော့ မပြီးသေးကြောင်း" ပြန်လည်ဖြေကြားခဲ့ပါသည်။

"အိန္ဒိယသည် ကောင်းမွန်သည့် မိတ်ဆွေတစ်ဦးဖြစ်ခဲ့သော်လည်း ၎င်းတို့က တခြားမည်သည့်နိုင်ငံနှင့်မဆို နှိုင်းယှဉ်ပါက အခြေခံအားဖြင့် ပိုမိုမြင့်မားသည့် အခွန်တွေကို ကောက်ခံခဲ့ကြောင်း၊ သို့သော် ယခု မိမိ အာဏာရချိန်တွင် ယခုလို ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ ကြောင်း" အမေရိကန်သမ္မတက အလေးပေးပြောကြားခဲ့ပါသည်။

အစောပိုင်းတွင် The Indian Express သတင်းစာက သတင်းရင်းမြစ် များကို ကိုးကား၍ အိန္ဒိယနှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက်အသစ်အတွက် ဆွေးနွေးမှုများသည် တိုးတက်မှု မရှိခြင်းကြောင့် ရပ်ဆိုင်းနေကြောင်း ဖော်ပြခဲ့ပါသည်။ 

ထိုထုတ်ပြန်ချက်အရ အမေရိကန်အစိုးရက အမေရိကန် ကုန်ပစ္စည်းများ ကို အိန္ဒိယဈေးကွက်သို့ အခွန်လွတ်ဝင်ရောက်ခွင့်ပေးရန် တောင်းဆို နေပြီး အိန္ဒိယကမူ အိန္ဒိယကုန်ပစ္စည်းများအပေါ် အမေရိကန်က ချမှတ် သည့် အခွန်နှုန်းသည် ၁၅% ထက် မပိုရန် တောင်းဆိုနေကြောင်း သိရှိ ရပါသည်။

ထို့အပြင် အိန္ဒိယသည် အမေရိကန်လက်နက်များ၊ သဘာဝဓာတ်ငွေ့နှင့် နျူကလီးယားဓာတ်ပေါင်းဖိုများ ဝယ်ယူရန် ဆန္ဒရှိကြောင်းလည်း ဖော်ပြ ခဲ့ပါသည်။

ကိုးကား - tass