ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး ကျည်ဆန်ရထား၏ ရှေ့ပြေးပုံစံရထားတစ်စင်းကို တရုတ်ထုတ်ဖော်ပြသ

News Image

  • ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး ကျည်ဆန်ရထား၏ ရှေ့ပြေးပုံစံရထားတစ်စင်းကို တရုတ်ထုတ်ဖော်ပြသ

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး ကျည်ဆန်ရထား၏ရှေ့ပြေးပုံစံရထားတစ်စင်းကို ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ CR450 မြန်နှုန်းမြင့်ကျည်ဆန်ရထားအား မြို့တော်ပေကျင်းတွင် ပြသခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြသစဉ် အဆိုပါမြန်နှုန်းမြင့်ရထားသည် တစ်နာရီလျှင် ၄၀၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ခဲ့ကြောင်း နိုင်ငံပိုင်တရုတ်မီးရထား ကုမ္ပဏီကထုတ်ပြန်သည်။

အဆိုပါ ကျည်ဆန်ရထားအား မောင်းနှင်စမ်းသပ်စဉ် တစ်နာရီလျှင် ၄၅၀ ကီလိုမီတာအမြန်နှုန်းဖြင့် မောင်းနှင်ခဲ့ကြောင်း သိရသည်။

တရုတ်အင်ဂျင်နီယာများသည် အဆိုပါကျည်ဆန်ရထား၏ စွမ်းဆောင်ရည်ကို အကဲဖြတ်လျက်ရှိပြီး    ယခုထုတ်ဖော်ပြသခဲ့သည့်     ကျည်ဆန်ရထားအား နိုင်ငံအတွင်းရှိ မီးရထားကွန်ရက်များတွင် ပြေးဆွဲနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။

တရုတ်နိုင်ငံသည် CR450 မြန်နှုန်းမြင့် ကျည်ဆန်ရထားအား ထုတ်ဖော်ပြသခြင်းအားဖြင့် ရထားနည်းပညာတွင် ဆက်လက် ဦးဆောင်ထားနိုင်ပြီး နိုင်ငံ့သယ်ယူပို့ဆောင်ရေး စနစ်အတွက်လည်း မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

Source: Myawady Web Portal