တရုတ်လေယာဉ် ၂၃ စင်းနှင့် တရုတ်သင်္ဘော ၆ စီး ချဉ်းကပ်လာကြောင်း ထိုင်ဝမ်စစ်တပ် ပြောကြား
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တရုတ် လေယာဉ် ၂၃ စင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်သင်္ဘော ၆ စီးသည် ဒီဇင်ဘာ ၃၀ ရက်နေ့၊ ဒေသစံတော်ချိန် ၀၆၀၀ နာရီခန့်တွင် ချဉ်းကပ်လာသည်ကို တွေ့မြင်ရကြောင်း ထိုင်ဝမ် စစ်တပ်က ပြောကြားလိုက်ပါသည်။
လေယာဉ် ၁၆ စင်းမှာ ပျမ်းမျှမျဉ်းကိုဖြတ်၍ ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုံ (Air Defense Identification Zone/ ADIZ) ၏ မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် အရှေ့ဘက်ကို ဝင်ရောက် ခဲ့ကြောင်း၊ ထိုင်ဝမ်စစ်တပ်အနေဖြင့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၏ X page သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ကိုးကား - TASS
MM-News-Category