ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများက ထိုင်းနိုင်ငံစီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀ ထိခိုက် စေမည်

News Image

  • ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများက ထိုင်းနိုင်ငံစီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀  ထိခိုက် စေမည်

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးမူဝါဒများသည်ထိုင်းနိုင်ငံ၏စီးပွားရေးကို ဘတ်ဘီလီယံ ၁၆၀ ထိခိုက်ဆုံးရှုံးစေမည်ဖြစ်ကြောင်း၊ထို့အတွက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့်ကုန်သွယ်ရေးတွင် ဘက်မလိုက်ရပ်တည်ချက်ကိုသာ ဆက်လက်စွဲကိုင်ထားရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ကုန်သည်ကြီးများ အသင်းက သတိပေးထားသည်။

ထရမ့်၏ကုန်သွယ်ရေးမူဝါဒများသည် အမေရိကန်-ထိုင်းကုန်သွယ်ရေး၌ ထိုင်းနိုင်ငံက ကုန်သွယ်ရေးပိုငွေပြလျက်ရှိသောပို့ကုန်များအပေါ် သက်ရောက်စေမည်ဖြစ်ကြောင်း၊ ထို့အတူ ဆောက်လုပ်ရေးနှင့်စိုက်ပျိုးရေးကဏ္ဍများသည်လည်း ထိုမူဝါဒများ၏သက်ရောက်မှုကို ခံစားရနိုင်ဖွယ်ရှိကြောင်း ကုန်သည်ကြီးများအသင်း၏ဥက္ကဋ္ဌကဆက်ပြောသည်။

အမေရိကန်က တရုတ်နိုင်ငံမှပို့ကုန်များအပေါ် ထပ်ဆောင်းအခွန်များစွာကောက်ခံရန်ပြင်ဆင်နေခြင်းက    ထိုင်းနိုင်ငံ၏ဈေးကွက်အတွင်းသို့ တရုတ်ကုန်ပစ္စည်းများဝင်ရောက်လာနိုင်ကြောင်း၊ ယင်းအတွက်ကြောင့်  နိုင်ငံ၏ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် သက်ရောက် မှုများရှိလာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံသည် ပြည်တွင်းစက်မှုလုပ်ငန်းကို ဆက်လက်ထိန်းသိမ်းထားပြီးပြည်ပရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဖိတ်ခေါ်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောထားသည်ဟုသိရသည်။    

Ref: NT