အမေရိကန်သို့ စစ်ဘက်-အရပ်ဘက်သုံးကုန်ပစ္စည်းများတင်ပို့မှု တရုတ်တားမြစ်

News Image

  • အမေရိကန်သို့ စစ်ဘက်-အရပ်ဘက်သုံးကုန်ပစ္စည်းများတင်ပို့မှု တရုတ်တားမြစ်

တရုတ်အစိုးရက စစ်ဘက်တွင်သာမက အရပ်ဘက်တွင်ပါအသုံးပြုနိုင်သည့် ကုန်ပစ္စည်းများ အမေရိကန်ကုမ္ပဏီများသို့တင်ပို့မှုကို တားမြစ်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါကုန်ပစ္စည်းများတွင် ကုန်စည်များ၊ နည်းပညာသုံးပစ္စည်းများအပြင် ဝန်ဆောင်မှုများလည်းပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို စစ်ဘက်နှင့်အရပ်ဘက် တို့တွင်အသုံးပြုနိုင်သော်လည်း စစ်ဘက်တွင်အသုံးပြုနိုင်ခြေပိုမိုများပြားကြောင်း၊ အထူးသဖြင့် ဒီဇိုင်းပိုင်း၊ ထုတ်လုပ်ရေးပိုင်းနှင့် အဖျက်စွမ်းအားပြင်းလက်နက်များ၌ ထည့်သွင်းအသုံးပြုလေ့ရှိကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုလို စစ်ဘက်-အရပ်ဘက်သုံး ကုန်ပစ္စည်းများတင်ပို့မှုတားမြစ်ခံလိုက်ရသော ကုမ္ပဏီများတွင် ဂျင်နရယ်ဒိုင်းနမစ်၊ ဘိုးအင်း၊ လော့ဟိမာတင်နှင့် ရေးသီယွန်တို့ အပါအဝင် အမေရိကန်နိုင်ငံမှကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ၂၈ ခုပါ ဝင်ကြောင်းနှင့် ယင်းသို့ပို့ကုန်များတင်ပို့မှုတားမြစ်ရခြင်းသည် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားတို့ကိုကာကွယ်ရန် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အမေရိကန်အစိုးရက ထိုင်ဝမ်ကျွန်းသို့ စစ်လက်နက်ပစ္စည်းများကို ထပ်မံရောင်းချပေးပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ပို့ကုန်တင်ပို့မှုများကိုတားမြစ်ခြင်းဖြစ်ကြောင်းနှင့် ပို့ကုန်တင်ပို့မှုတားမြစ်ခံရသည့်ကုမ္ပဏီများတွင်  ထိုင်ဝမ်ကျွန်းသို့လက်နက်ရောင်းချပေးသော ကုမ္ပဏီများလည်းပါဝင်ကြောင်းသိရသည်။

Ref: RT

Source: Myawady Web Portal