အမေရိကန်တွင် နှစ်သစ်ကူးပွဲတော်ကျင်းပရာ လူအုပ်ထဲသို့ ကားဖြင့်ဝင်တိုက်ခိုက်မှု အနည်းဆုံး လူ ၁၅ ဦး သေဆုံး
အမေရိကန်ပြည်ထောင်စု နယူးအော်လင်းမြို့တွင် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့ နံနက်အစောပိုင်း ၀၃၅၀ အချိန်၌ ကားတစ်စီးက နှစ်သစ်ကူးပွဲတော် ကျင်းပနေသည့် လူအုပ်ကြီးထဲ ဝင်ရောက်တိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးသွားပြီး လူဒါဇင်ပေါင်း များစွာ ဒဏ်ရာရရှိသွားပါသည်။
အဆိုပါတိုက်ခိုက်မှုအတွက် သံသယရှိသူ အသက် ၄၂ အရွယ် တက္ကဆက်ဒေသခံ Shamsud-Din Jabbar ဆိုသူမှာ ရဲအရာရှိများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ၎င်းသည် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ကြောင်း စစ်ဆေး သိရှိ ရပါသည်။ တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သည့် ကုန်တင်ကားထဲတွင် ISIS အလံ ရှာဖွေတွေ့ရှိခဲ့သဖြင့် ထိုတိုက်ခိုက်မှုမှာ အကြမ်းဖက်မှု ဟုတ်၊ မဟုတ် FBI က စစ်ဆေးလျက်ရှိပါသည်။
ကိုးကား - CNN
MM-News-Category