ရုရှားဓာတ်ငွေ့တင်ပို့မှု ၃၀ ရာခိုင်နှုန်း ဥရောပဆုံးရှုံးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူ ပြောကြား

News Image

  • ရုရှားဓာတ်ငွေ့တင်ပို့မှု ၃၀ ရာခိုင်နှုန်း ဥရောပဆုံးရှုံးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူ ပြောကြား

ယူကရိန်းတစ်ဆင့်ခံ ရုရှားဓာတ်ငွေ့တင်ပို့မှုစနစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ် သက်တမ်းကုန်ဆုံးသည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းမှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါသည်။ ထိုသို့ ရပ်ဆိုင်းလိုက် သဖြင့် ရုရှားဓာတ်ငွေ့တင်ပို့မှု ၃၀ ရာခိုင်နှုန်း ဥရောပက ဆုံးရှုံးမည်ဖြစ်ကြောင်း ကမ္ဘာ့ဈေးကွက်လေ့လာရေးဌာန ဒါရိုက်တာ Alexey Bobrovsky က ခန့်မှန်းပြောကြား လိုက်ပါသည်။ 

TASS တွက်ချက်မှုအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ရုရှားမှ တူရကီအပါအဝင် ဥရောပနိုင်ငံများသို့ စုစုပေါင်း ဓာတ်ငွေ့ ကုဗမီတာ ၅၂ ဘီယံလီကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် တွင် စုစုပေါင်း ဓာတ်ငွေ့ကုဗမီတာ ၄၉ ဘီလီယံကိုလည်းကောင်း ပို့လွှတ်ပေးခဲ့သည်။ ယခုရပ်တန့်လိုက်သည့် ယူကရိန်းတစ်ဆင့်ခံစနစ်သည် နှစ်စဉ် ရုရှားဓာတ်ငွေ့ ကုဗမီတာ ၄၀ ဘီလီယံခန့်ကို ဥရောပသို့ ပို့လွှတ်ပေးနေခြင်းဖြစ်သည်။ 

ကိုးကား - TASS