အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားဆိုင်ရာ အဆောက်အဦများစာရင်းကို အပြန်အလှန်ဖလှယ်

News Image

  • အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားဆိုင်ရာ အဆောက်အဦများစာရင်းကို အပြန်အလှန်ဖလှယ်

အိန္ဒိယနှင့်ပါကစ္စတန်တို့သည် နှစ် ၃၀ ကျော် တည်ရှိခဲ့သည့် သဘောတူညီချက်အရ ၎င်းတို့၏ နျူကလီးယားဆိုင်ရာ အဆောက်အဦများစာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ကြသည်။

အိမ်နီးချင်းနှစ်နိုင်ငံတို့သည် ဇန်နဝါရီ ၁ ရက်က ၎င်းတို့၏ နျူကလီယား တပ်ဆင်မှုစာရင်းများကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး ယင်းကဲ့သို့ စက်ရုံများကို တိုက်ခိုက်ခြင်း အားတားမြစ်သည့် ဆယ်စုနှစ်သုံးစုကြာ ထိန်းသိမ်းထားသည့် နှစ်နိုင်ငံသဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ကြသည်။

အဆိုပါသဘောတူညီချက်ကို ၁၉၈၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ၎င်းသည် ၃၄ ကြိမ်မြောက် ဆက်တိုက်ဖလှယ်မှုဖြစ်ပြီး အဆိုပါစာရင်းများဖလှယ်ခြင်းကို ၁၉၉၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ပထမဆုံး ပြုလုပ်ခဲ့သည်။ အိန္ဒိယနှင့် ပါကစ္စတန်ကြား နျူကလီးယား တပ်ဆင်မှုနှင့် စက်ရုံများကိုတိုက်ခိုက်ခြင်း တားမြစ်ခြင်းဆိုင်ရာ သဘောတူညီချက် အရအကျုံးဝင်သည့် နျူကလီးယားတပ်ဆင်မှုနှင့် အဆောက်အအုံများစာရင်းကို  သံတမန်လမ်းကြောင်းများမှတစ်ဆင့် နယူးဒေလီနှင့်အစ္စလာမာဘတ်တို့တွင် တပြိုင်နက်ဖလှယ်ခဲ့ကြကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြထားသည်။

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) က အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၂၀၂၄ ခုနှစ်တွင် နျူကလီးယား ထိပ်ဖူး ၁၇၂ လုံးနှင့် ၁၇၀အသီးသီး ပိုင်ဆိုင်ထားကြောင်း ခန့်မှန်းထားသည်။အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားတို့သည် ပဲ့ထိန်းဒုံးကျည်များပေါ်တွင် ထိပ်ဖူးများစွာ တပ်ဆင်ဖြန့်ကျက် နိုင်စွမ်းကိုကြိုးပမ်းနေကြပြီး ရုရှား၊ ပြင်သစ်၊ ယူကေ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့တွင် ရှိနှင့်ပြီးဖြစ်သည် ဟု SIPRI က ၎င်း၏ ဇွန်လအစီရင်ခံစာတွင် မှတ်ချက်ပြုဖော်ပြခဲ့သည်။

ကိုးကား-RT