ဆီးရီးယားရှိ ရုရှားစစ်အခြေစိုက်စခန်းများကို ပိတ်ရန် ဂျာမနီ၏ တောင်းဆိုမှုကို မော်စကိုကတုံ့ပြန်
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဆီးရီးယားရှိ ရုရှား၏ စစ်စခန်းများကို ပိတ်သိမ်းရန်ပြောဆိုမှုအတွက် ပြန်လည်တုံ့ပြန်ခဲ့သည်။
Zakharova က Baerbock အနေဖြင့် ဂျာမနီတွင် အမေရိကန်စစ်အခြေစိုက်စခန်းများ တည်ရှိနေခြင်းကို လည်း သုံးသပ်သင့်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ Bashar Assad ဖြုတ်ချခံရပြီးနောက်ပိုင်း ဆီးရီးယားသို့ EU ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ပထမဆုံးလာရောက်သည့် ခရီးစဉ်တွင် Baerbock ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားနိုင်ငံကို ရုရှားနှင့် တရုတ်တို့၏ သြဇာ လွှမ်းမိုးမှုအောက်မှ တားဆီးရန် ရည်ရွယ်ထားကြောင်း ဂျာမန်သတင်းစာ Tagesschau က ဇန်နဝါရီ ၃ ရက်နေ့တွင် ရေးသားခဲ့သည်။
ရုရှားသည် အာဆတ်အစိုးရအား ၂၀၁၅ ခုနှစ်ကတည်းက ပံ့ပိုးကူညီခဲ့ပြီး ဆီးရီးယားအား အကြမ်းဖက်ဝါဒ တိုက်ဖျက်ရန် ကူညီထောက်ပံ့ပေးခဲ့သည်။ ၂၀၁၇ ခုနှစ် တွင် မော်စကိုနှင့် ဒမတ်စကပ် တို့သည် Tartus ရေတပ် အခြေစိုက်စခန်းနှင့် အရှေ့ဘက်ရှိ Khmeimim လေတပ် စခန်းတို့ကို ရုရှားစစ်တပ်မှ အခြေစိုက်စခန်း ဖွင့်လှစ် နိုင်ရေး ၄၉ နှစ်သက်တမ်းရှိ သဘောတူစာချုပ် ချုပ်ဆို ခဲ့သည်။
ရုရှား၏ ကုလသမဂ္ဂ အထူးသံတမန် Vassily Nebenzia က Baerbock ၏ပြောဆိုခဲ့ခြင်းအပေါ် ထပ်မံတုံ့ပြန်သည့်အနေဖြင့် ဆီးရီးယား၏ အာဏာပိုင်အသစ်များသည် မော်စကိုနှင့်ဒေသတွင်း စစ်ဘက်ဆိုင်ရာဆက်ဆံရေးကို ထိန်းသိမ်းရန် စိတ်ဝင်စားမှုရှိကြောင်း ပြောဆိုခဲ့သည်။
ကိုးကား-RT