မြောက်ကိုရီးယား၏ ယခုနှစ် ပထမဆုံး တာလတ်ပစ် ဒုံးကျည်ကို အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ ပစ်လွှတ်

News Image

  • မြောက်ကိုရီးယား၏ ယခုနှစ် ပထမဆုံး တာလတ်ပစ် ဒုံးကျည်ကို အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ ပစ်လွှတ်

မြောက်ကိုရီးယားသည် ၅-၁-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် အရှေ့ဘက်ကမ်းလွန်ပင်လယ်သို့ တာလတ်ပစ် ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားထားပါသည်။ 

မြောက်ကိုရီးယား တာလတ်ပစ်ဒုံးကျည်မှာ နေ့လယ် ၁၂၁၁ အချိန်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြုံးယမ်းရှိ တစ်နေရာမှ ပစ်လွှတ်လိုက်သည်ဟု ယူဆရပြီးဒုံးကျည်ပျံသန်းမှုအကွာအဝေးနှင့်အမြင့်ပေ အသေးစိတ်အချက်အလက်များကို မကြာခင် ထုတ်ပြန်သွားမည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ 

အမေရိကန်၌ ဒေါ်နယ်ထရမ့် အနိုင်ရရှိသည့် ရွေးကောက်ပွဲပြီးနောက် မြောက်ကိုရီးယား၏ ယခုဒုံးကျည်ပစ်လွှတ်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး တောင်ကိုရီးယားတွင် နိုင်ငံရေးအကျပ်အတည်းဖြစ်နေသည့် ကာလဖြစ်နေသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ဆိုးလ်မြို့သို့ အစည်းအဝေးတက်ရောက်မည့်ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေပါသည်။ 

ကိုးကား - NK NEWS