ယူကရိန်းသည် ၂၀၂၄ ခုနှစ်တွင် ပိုင်နက်ထိန်းချုပ်မှု စတုရန်းကီလိုမီတာ ၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ဖော်ပြ

News Image

  •  ယူကရိန်းသည် ၂၀၂၄ ခုနှစ်တွင် ပိုင်နက်ထိန်းချုပ်မှု စတုရန်းကီလိုမီတာ ၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ဖော်ပြ

ရုရှားက ယူကရိန်းအရှေ့ပိုင်းဒေသများဖြစ်သည့် Donetsk နှင့် Kharkiv ဒေသများမှ ရွာအများအပြားကို သိမ်းပိုက်ခဲ့သည့်အတွက် ယူကရိန်းသည် ၂၀၂၄ ခုနှစ်တွင် ပိုင်နက် စတုရန်းကီလိုမီတာ ၃,၆၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်းမီဒီယာတစ်ခုက ဖော်ပြသည်။

ရှေ့တန်းစစ်မျက်နှာများနှင့် အခြားအရင်းအမြစ်များမှ ပေးပို့သည့်အချက်အလက်များကို အခြေခံပြီးဒေသတွင်း အဖွဲ့အစည်းတစ်ခုမှ ရရှိသည့်မြေပုံကို လေ့လာသုံးသပ်၍ Militarnyi က အဆိုပါ ခန့်မှန်းချက်ကို ဖော်ပြခဲ့ပါသည်။

ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့် နွေရာသီကာလတွင် ၎င်းတို့၏ထိုးစစ်ကို အရှိန်အဟုန်ပြင်းစွာ စတင်ခဲ့ပြီး နိုဝင်ဘာလတစ်လအတွင်း၌ ယူကရိန်းပိုင်နက် ၆၁၀ စတုရန်းကီလိုမီတာကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ခန့်မှန်း ထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထား သည်။

၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းပိုင်နက် ၄,၅၀၀ စတုရန်း ကီလိုမီတာခန့်အား ၎င်း၏တပ်ဖွဲ့များက သိမ်းယူခဲ့ကြောင်း ရုရှားက ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အခိုင်အမာ ပြောကြားခဲ့ပါသည်။

ယခုအချိန်တွင်လည်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ အရှေ့မြောက်ပိုင်း Sumy ဒေသရှိအာဏာပိုင်များက ရုရှား၏ ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကိုးကား-NHK World