ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမည့် နေတိုးအစီအစဉ် ပင်တဂွန် ထုတ်ပြန်
"ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားခွဲခြားပြီး ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း" အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့်ကိုယ်စားလှယ်တစ်ဦးက ဇန်နဝါရီ ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။
"ယူကရိန်းသို့ လက်နက်များပို့ဆောင်ပေးမည့် အုပ်စု ရှစ်စုကိုဖွဲ့စည်းခဲ့ကြောင်း၊ အုပ်စုတစ်စုစီသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်တစ်ခုစီကို ကိုယ်စားပြုပြီး အုပ်စုတစ်စုတွင် အနည်းဆုံး နေတိုးအဖွဲ့ဝင်နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မည်ဖြစ်ကြောင်း" အဆိုပါ ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
ယူကရိန်းကာကွယ်ရေးအဖွဲ့၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ရမ်စတန်လေတပ်စခန်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် တက်ရောက်မည်ဟု သိရှိရပါသည်။
ကိုးကား - TASS
Photo- dantri.com.vn