Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

News Image

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တု အခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါကြေညာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ ကျင်းပခဲ့ သည့် ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင် အရာရှိချုပ် Satya Nadella က ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

Microsoft နည်းပညာကုမ္ပဏီကြီးသည် ၂၀၃၀ ပြည့်နှစ် တွင် အိန္ဒိယနိုင်ငံ၌ AI ကျွမ်းကျင်မှုအတွက် လူပေါင်း ၁၀ သန်းကို လေ့ကျင့်ပေးရန်လျာထားသည် ဟုလည်း သိရသည်။

Microsoft က ၎င်း၏ cloud နှင့် ဉာဏ်ရည်တု ဆိုင်ရာ အခြေခံအဆောက်အဦများကို နိုင်ငံအတွင်းရှိ ဒေတာ စင်တာကျောင်းခွဲများတစ်လျှောက် တိုးချဲ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယနိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့နေသော AI start-ups များနှင့် သုတေသန အသိုင်းအဝိုင်း၏ အင်တိုက်အားတိုက် တောင်းဆိုချက် များကို ဖြည့်ဆည်းရန်အတွက် ဉာဏ်ရည်တု ကွန်ပျူတာ ဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ကိုးကား - ဆင်ဟွာ