ရုရှားနိုင်ငံသို့ အီလက်ထရောနစ်ပစ္စည်းများ တရားမဝင် တင်ပို့သူ ကနေဒါနိုင်ငံသားကို အမေရိကန်တရားရုံးက ထောင်ဒဏ် လ ၄၀ ချမှတ်
Nikolay Goltsev သည် ရုရှားစစ်ဘက်ဆိုင်ရာ ကုမ္ပဏီများအပါအဝင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှား ကုမ္ပဏီများကိုယ်စား ရုရှားနိုင်ငံသို့ ပစ္စည်းများ ဝယ်ယူ တင်သွင်းခဲ့ကြောင်း အေဂျင်စီ၏ပြောကြားချက်အရ သိရှိရသည်။
နယူးယောက်ပြည်နယ် အရှေ့ပိုင်းခရိုင်ရှိ တရားရုံး တစ်ခုက ကနေဒါနိုင်ငံသား Nikolay Goltsev ကို ရုရှားနိုင်ငံသို့ အီလက်ထရောနစ်ပစ္စည်းများ တရားမဝင် တင်ပို့မှုဖြင့် ထောင်ဒဏ် သုံးနှစ်နှင့် လေးလ ချမှတ်ခဲ့ကြောင်း အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန် ခဲ့သည်။
Goltsev သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် အသုံးပြု သည့် ရုရှားဒုံးကျည်များနှင့် ဒရုန်းများထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာဆိုင်ရာပစ္စည်းများကို အိန္ဒိယ၊ တူရကီ၊ တရုတ်နှင့် အာရပ်စော်ဘွားများနိုင်ငံရှိ ကုမ္ပဏီ များမှတစ်ဆင့် တင်ပို့ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အစောပိုင်းတွင် Goltsev ၏ ဇနီး Kristina Puzyreva နှင့် ရုရှား-Tajik နိုင်ငံသားဖြစ်သူ Salimdzhon Nasriddinov တို့လည်း စွဲချက်တင်ခံထားရသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် Goltsev ၏ ဇနီး Puzyreva သည် အရေးယူဒဏ်ခတ်ပိတ်ဆို့ခံထားရသော ရုရှားကုမ္ပဏီ များထံ ဒရုန်းနှင့်ပတ်သက်သည့်ပစ္စည်းများ တရားမဝင် ပေးပို့ခြင်းဖြင့် ရရှိသောငွေကြေးအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ Nasriddinov ကိုမူ ယနေ့ အထိ ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးပေ။
ကိုးကား - TASS
Photo: Global News