အီသီယိုးပီးယားနိုင်ငံတွင် ပထမဆုံးစတော့ရှယ်ယာဈေးကွက်ဖွင့်လှစ်
အဒစ်အဘာဘာ ဇန်နဝါရီ ၁၂
အီသီယိုးပီးယားနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံ၏ ပထမဆုံး စတော့ရှယ်ယာဈေးကွက်ကို ဇန်နဝါရီ ၁၀ ရက်က ဝန်ကြီးချုပ် အာဗေအာမက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယခုဖွင့်လှစ်သည့် စတော့ရှယ်ယာဈေးကွက်သည် နိုင်ငံစီးပွားရေးအတွက် သမိုင်းဝင်အောင်မြင်မှုဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
ယခု ဆောင်ရွက်ချက်သည် နိုင်ငံစီးပွားရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောင်မြင်သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍမြှင့်တင်ရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်ကို အားဖြည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဖွင့်လှစ်သည့် စတော့ရှယ်ယာဈေးကွက်က အကူအညီများပေးအပ်မည်ဖြစ်ကာ နိုင်ငံအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုတွင် အားဖြည့်ပေးမည်ဖြစ်ကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ