Nvidia ၏ ကမ္ဘာ့အသေးဆုံး AI စူပါကွန်ပြူတာ

News Image

  • Nvidia ၏ ကမ္ဘာ့အသေးဆုံး AI စူပါကွန်ပြူတာ

Nvidia က Consumer Electronics Show (CES) 2025 တွင် Project DIGITS အမည်ရှိ ကမ္ဘာ့အသေးဆုံး AI စူပါကွန်ပြူတာကို ပြသလိုက်ပါသည်။ ဒီဇိုင်းသည် Apple Mac Mini နှင့်တူညီပြီး ဒေါ်လာ ၃,၀၀၀ သတ်မှတ်ထား ပါသည်။ 

AI စူပါကွန်ပြူတာသည် 200 Billion AI Model များကို Run နိုင်ပါသည်။ AI ဝါသနာရှင်များ၊ AI Researcher များနှင့် ဒေတာ Scientist များအတွက် ရည်ရွယ်ထုတ် လုပ်ထားခြင်းဖြစ်ပါသည်။ Project Digits တွင် AI Model များကို ဖန်တီးနိုင်၊ စမ်းသပ်နိုင်ပြီး Cloud Server ကို တင်နိုင်ပါသည်။

လက်ဖဝါး အရွယ်မျှသာရှိပြီး သေးငယ်သော်လည်း GB 10 Superchip ပါသည့်အတွက် AI စွမ်းဆောင်ရည် မြင့်မားပါသည်။ 128GB Memory နှင့် 4TB Storage ထည့်သွင်းထားပါသည်။

Nvidia က AI စူပါကွန်ပြူတာကို ရောင်းချမည့်အချိန်ကိုမူ ကြေညာထားခြင်းမရှိသေးကြောင်း သိရှိရပါသည်။ 

ကိုးကား-The Verge