ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၁ ဦးသေဆုံး
ရီယိုဒီဂျနေရိုး ဇန်နဝါရီ ၁၃
ဘရာဇီးနိုင်ငံတောင်ပိုင်း၌ ဇန်နဝါရီ ၁၂ ရက်က မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိပြီး ၎င်းတို့အနက် ကိုးဦးမှာ မီးနပ်ဂျီရေ့စ်ပြည်နယ် တောင်ကြားဒေသ၌ မြေပြိုမှုကြောင့် သေဆုံးသူများဖြစ်သည်ဟု ဒေသခံအာဏာပိုင်များက ပြောသည်။
အိုင်ပက်တင်ဂါမြို့တွင် မြေပြိုမှုကြောင့် ကိုးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်။ အဆိုပါမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် တာဝန်ရှိသူများက ရက်ပေါင်း ၁၈၀ ကြာ လူထုသဘာဝဘေးအန္တရာယ်အဖြစ် ကြေညာခဲ့သည်။
မီးနပ်ဂျီရေ့စ် အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၁၃ ရက်တွင် အဆိုပါဒေသသို့ သွားရောက်ကာ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို အကဲဖြတ်ရန်နှင့် နေအိမ်ဆုံးရှုံးသွားသူများအတွက် လုံခြုံစိတ်ချရသည့် ယာယီအိမ်ရာများ ပြုလုပ်ပေးသွားမည်ဟု လူမှုကွန်ရက်မီဒီယာတွင် ပြောသည်။ ဆန်တာ ကက်တာရီနားဒေသတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးခဲ့သည်ဟု သိရသည်။
Source: မြန်မာ့အလင်းသတင်းစာ
Photo: Reuters