ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်ရန်အသင့်ဖြစ်ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောကြား

News Image

  • ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်ရန်အသင့်ဖြစ်ကြောင်း သမ္မတ ဇယ်လန်စကီးက ပြောကြား

ယူကရိန်းစစ်သားများနှင့် မြောက်ကိုးရီးယားစစ်သားတို့ကို လဲလှယ်လိုကြောင်း မြောက်ကိုးရီးယားစစ်သား နှစ်ဦးကို  ရုရှားနိုင်ငံ၊ ကာ့ခ်စ်(Kusk) ဒေသတွင် ဖမ်းဆီး ရမိပြီးနောက် သမ္မတဇယ်လန်စကီးက ကြေညာခဲ့ပါသည်။

"ရုရှား တွင် သုံ့ပန်းအဖြစ် ထိန်းသိမ်းခံရသော ယူကရိန်းစစ်သားများကို လွှတ်ပေးပါက မြောက်ကိုးရီးယားစစ်သားများကို ကင်ဂျုံအန်ထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း" သမ္မတဇယ်လန်စကီးက ၎င်း၏ X မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့ပါသည်။ ထို့အပြင် စစ်ပွဲကြာရှည်လာသည်နှင့်အမျှ မြောက်ကိုရီးယား စစ်သားများကို ပိုမိုဖမ်းဆီးရမည်ဖြစ်ကြောင်း" ဇယ်လန်စကီးက ပြောကြားခဲ့ပါသည်။

"ရုရှား ၏ မဟာမိတ်မြောက်ကိုရီးယားတပ်ဖွဲ့ပေါင်း ၁၁,၀၀၀ ခန့်သည် မော်စကို၏ တပ်ဖွဲ့များကို အကူအညီပေးရန် ကာ့ခ်စ်(Kusk) ဒေသတွင် တပ်စွဲထားကြောင်း” ယူကရိန်းနှင့် အနောက်မီဒီယာများက ပြောကြားထားသော်လည်း ရုရှားနိုင်ငံကမူ ပြန်လည် တုံ့ပြန်ပြောကြားထားမှုမရှိကြောင်း သိရှိရပါသည်။ 

ကိုးကား -Aljazerra