တစ်ကမ္ဘာလုံးတွင် ၂၀၂၄ ခုနှစ်အတွင်း ရောင်းချနိုင်ခဲ့သည့် လျှပ်စစ်ကား အရေအတွက် စံချိန်တင်မြင့်တက်

News Image

  • တစ်ကမ္ဘာလုံးတွင် ၂၀၂၄ ခုနှစ်အတွင်း ရောင်းချနိုင်ခဲ့သည့် လျှပ်စစ်ကား အရေအတွက် စံချိန်တင်မြင့်တက်

တစ်ကမ္ဘာလုံးတွင် ၂၀၂၄ ခုနှစ်အတွင်း ရောင်းချနိုင်ခဲ့သည့်   လျှပ်စစ်ကား အရေအတွက်သည်   ၁၇ ဒသမ ၁ သန်းအထိ  စံချိန်တင်မြင့်တက်လာခဲ့ကြောင်း လျှပ်စစ်ကားဆိုင်ရာ သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် Rho Motion က ထုတ်ပြန်သည်။

အဆိုပါရောင်းချနိုင်သည့် ပမာဏသည် ပြီးခဲ့သည့်နှစ်က ပမာဏနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် လျှပ်စစ်ကားထုတ်လုပ် ရောင်းချမှုတွင် လွှမ်းမိုးထားပြီး ၂၀၂၄  ခုနှစ် တစ်နှစ်တည်းမှာပင်   ကားအစီးရေ  ၁၁ သန်း ရောင်းချနိုင်ခဲ့သည်။ တရုတ်လျှပ်စစ်ကား ထုတ်လုပ်သည့်ကုမ္ပဏီများ အနက် BYD သည်  လက်ရှိတွင်  ဦးဆောင်နေသည့် အခြေအနေတွင်ရှိနေပြီး  တရုတ်နိုင်ငံအတွင်းရှိ လျှပ်စစ်ကားဈေးကွက်၏ သုံးပုံတစ်ပုံကျော်ကို ရယူထားနိုင်သည်။

ဥရောပဒေသတွင်မူ     ဗြိတိန်နိုင်ငံက   ဂျာမနီအား ကျော်တက်၍ ၂၀၂၄  ခုနှစ်တွင် လျှပ်စစ်ကား အစီးရေ ၄၀၀၀၀၀ ကျော် ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၌  ၂၀၂၄ ခုနှစ်တွင် လျှပ်စစ်ကားအစီးပေါင်း ၁ ဒသမ ၈ သန်းခန့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းမြင့်တက်လာသည်။ 

Source: Myawady Web Portal