ရုရှား - အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ် လက်မှတ်ရေးထိုး

News Image

  • ရုရှား - အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် သဘောတူစာချုပ် လက်မှတ်ရေးထိုး

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အီရန်နိုင်ငံသမ္မတ တို့သည် ကရင်မလင် နန်းတော်၌ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုစာချုပ်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံးကို အကျုံးဝင်ပြီး ကာကွယ်ရေး၊အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာတို့အပါအဝင် ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်အသီးသီးအတွက် အလားအလာ ကောင်းများ ရရှိလာစေရန်  ဖြစ်ပါသည်။

ရုရှားနှင့် အီရန်တို့အကြား ကျယ်ပြန့်နက်ရှိုင်းသော မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်သည် မည်သည့်ပြင်ပဖိအားကိုမှ သည်းခံနေမည်မဟုတ်ဘဲ ဒေသတွင်း လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်စွမ်း ရှိကြောင်း အီရန်သမ္မတ Masoud Pezeshkian က ပြောကြားလိုက်ပါသည်။

“မော်စကိုနှင့် တီဟီရန်တို့၏ အခန်းကဏ္ဍများကို ပြင်ပက မည်သူ့ကိုမျှ ဆုံးဖြတ်စေလိုခြင်းမရှိကြောင်း၊ နှစ်နိုင်ငံလုံးက လွတ်လပ်သောမူဝါဒများနှင့် လျှောက်လှမ်း သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတည်ငြိမ်ရေးကို ဖော်ဆောင်ရန်အတွက် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာရန် အသင့်ဖြစ်နေပါပြီဖြစ်ပါကြောင်း၊ မည်သည့်အနောက်နိုင်ငံများကိုမျှ လိုအပ်ခြင်းမရှိပါကြောင်း” ဟု   အီရန် သမ္မတက Soloviov Live ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ပြောကြားသွားပါသည်။

ယခုလက်မှတ်ရေးထိုးလိုက်သည့် ရုရှား-အီရန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်မှာ နှစ်နိုင်ငံအကြား နီးကပ်မှုကို ပြသလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ 

ကိုးကား-TAGS/ Iran