နိုင်ဂျီးရီးယားတွင် ဓာတ်ဆီတင်ကား တိမ်းမှောက်သဖြင့် လူ ၇၀ သေဆုံး

News Image

  • နိုင်ဂျီးရီးယားတွင် ဓာတ်ဆီတင်ကား တိမ်းမှောက် သဖြင့် လူ ၇၀ သေဆုံး

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်(စနေနေ့)က နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်း နိုင်ဂျာပြည်နယ်တွင် ဓာတ်ဆီ လီတာ ၆၀၀၀၀ သယ်ဆောင်လာသော ဓာတ်ဆီတင်ကား တစ်စီးတိမ်းမှောက်ပြီး လောင်စာဆီများ ယိုဖိတ်ကာ ပေါက်ကွဲမီးလောင်သွားသဖြင့် အနည်းဆုံး လူ ၇၀ သေဆုံးသွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများ များပြား ကြောင်း နိုင်ဂျီးရီးယား အမျိုးသားအရေးပေါ် အေဂျင်စီ က ကြေညာထားပါသည်။ 

လွန်ခဲ့သည့် အောက်တိုဘာကလည်း ဂျီဂါဝါ ပြည်နယ်တွင် အလားတူပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၅၃ ဦး သေဆုံးခဲ့ရကာ နိုင်ဂျီးရီးယားတွင် အဆိုးရွားဆုံး ဖြစ်ရပ် ဖြစ်ခဲ့ရသည်။ 

အစီရင်ခံစာအရ ယခုဖြစ်စဉ်တွင် ရုပ်အလောင်း ၇၀ ကျော် ရရှိထားပြီး လူ ၅၆ ဦး ဒဏ်ရာရရှိထားပါကြောင်း၊ ဆိုင်ခန်း ၁၅ ခန်း ပျက်စီးသွားကြောင်း အမျိုးသား စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ကိုးကား-CNN