အီရန် တရားလွှတ်တော်ချုပ်ရုံးရှိ အကြီးတန်း တရားသူကြီး ၂ ဦး ပစ်သတ်ခံရ

News Image

  • အီရန် တရားလွှတ်တော်ချုပ်ရုံးရှိ   အကြီးတန်း တရားသူကြီး ၂ ဦး ပစ်သတ်ခံရ

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်(စနေနေ့) နံနက်ပိုင်းက အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ တရားလွှတ်တော်ချုပ်ရုံးမှ အကြီးတန်းတရားသူကြီးနှစ်ဦးသည် ရုံးချိန် အတွင်း တာဝန်ထမ်းဆောင်နေချိန် သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း၊ အဆိုပါသေနတ်သမားမှာလည်း မိမိကိုယ်ကို အဆုံး စီရင်သွားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါသည်။ 

သေဆုံးသူ တရားသူကြီးများမှာ မွတ်ဆလင်ပညာရှင် Ali Razini နှင့် Mohammad Moghiseh တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံးသည် တရားလွှတ်တော်ချုပ်ရုံးရှိ ဌာနခွဲ အသီးသီး၏ ဦးဆောင်တရားသူကြီးရာထူး တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြသည်။ ၎င်းတို့သည်နိုင်ငံတော်လုံခြုံရေး၊ သူလျှိုလုပ်မှု၊ အကြမ်းဖက်ဝါဒ စသည့် ရာဇဝတ်ကျူးလွန်သည့် အမှုများကို တိုက်ဖျက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူများဖြစ်ပြီး ရဲရင့်ပြီး အတွေ့အကြုံရှိသည့် တရားသူကြီးများ ဖြစ်ကြောင်း တရားစီရင်ရေးမဏ္ဍိုင်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

“တရားသူကြီးနှစ်ဦး၏အခန်းထဲသို့ သေနတ်ကိုင်ဆောင်ထားသည့် လူတစ်ဦး ဝင်ရောက်သွားကြောင်း၊ တရားသူကြီးနှစ်ဦးကို ပစ်သတ်လိုက်ကြောင်း၊ ထို့နောက် သေနတ်သမားသည် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း၊ ၎င်း၏ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း သိရခြင်းမရှိသေးကြောင်း” တရားစီရင်ရေး ပြောရေးဆိုခွင့်ရသူ Asghar Jahangir က အီရန်နိုင်ငံပိုင် မီဒီယာကို ပြောကြားထားပါသည်။

ကိုးကား -AL JAZEERA