ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှု လျှော့ချနိုင်ရေးအတွက် ရေနံထုတ်ကုန်များအပေါ် အခွန်ကောက်ခံရန် ထိုင်းအတည်ပြု
ထိုင်းနိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချနိုင်ရေးအတွက် ရေနံထုတ်ကုန်များအပေါ် အခွန်ကောက်ခံရန် အစိုးရက ဇန်နဝါရီလ ၂၁ ရက်တွင် အတည်ပြုလိုက်သည်။
အစိုးရ၏ဆောင်ရွက်ချက်သည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကိုအထောက်အကူပြုစေရန်ရည်ရွယ်ခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရာတွင် နိုင်ငံ၏ပြိုင်ဆိုင်မှုကို တိုးမြှင့်စေရန်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး ပီချိုင် ချွန်ဟာဝါဂျီရာကကြေညာချက်တွင် ပြောကြားသည်။
သဘာဝအရင်းအမြစ်မလုံလောက်မှုနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်ကျရောက်လာသည့် သက်ရောက်မှုများသည် ထိုင်းနိုင်ငံအတွက် အရေးတကြီးရင်ဆိုင်ဖြေရှင်းရမည့်ကိစ္စရပ်များဖြစ်သည်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်သည် မော်တော်ကားများနှင့် စက်မှုလုပ်ငန်းများမှဖြစ်ပြီး ၎င်းတို့ကို အစိုးရက အဓိကပစ်မှတ်ထားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ပီချိုင် ချွန်ဟာဝါဂျီရာက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် လာမည့် ၂၀၆၅ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်ခြင်းမရှိသည့် နိုင်ငံအဖြစ်တက်လှမ်းနိုင်ရန် မျှော်မှန်းထားသည်။
Source: Myawady Web Portal