AI အခြေခံအဆောက်အအုံ တိုးမြှင့်ဖော်ဆောင်ရေး သမ္မတထရမ့်ကြေညာ

News Image

  • AI အခြေခံအဆောက်အအုံ တိုးမြှင့်ဖော်ဆောင်ရေး သမ္မတထရမ့်ကြေညာ

သမ္မတ ထရမ့်သည် အထင်ကရ နည်းပညာ အမှုဆောင်များဖြစ်သည့် ဆမ်အောလ်မန်နှင့် လာရီအယ်လီဆန်၊ ဂျပန်နိုင်ငံသား နည်းပညာကုမ္ပဏီ ပိုင်ရှင်သူဌေးကြီး Masayoshi Son တို့၏ ရှေ့တွင် အမေရိကန်အခြေစိုက် AI နည်းပညာကုမ္ပဏီ Stargate ကို မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ (ယူရိုဘီလီယံ ၄၀၄) ဖြင့် လည်ပတ်သွားမည် ဖြစ်ကြောင်း၊ ခန့်မှန်းခြေ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ သိန်းကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန် Oracle ဆော့ဝဲလ်နည်းပညာကုမ္ပဏီ တည်ထောင်သူ လာရီအယ်လီဆန်က တက္ကဆက် ပြည်နယ်တွင် data center ကို အဆောက်အအုံ ၁၀ ခု ဖြင့် တည်ဆောက်လျက်ရှိပြီး အဆောက်အအုံ ၂၀ အထိ တိုးချဲ့တည်ဆောက်မည်ဟု ပြောကြားခဲ့ပါသည်။

Open AI မှ နည်းပညာပညာရှင် Altman က “အမေရိကန် ယခုရွှေခေတ်ရောက်တော့မည်ဖြစ်ကြောင်း” ဒေါ်နယ်ထရမ့်၏ ပြောစကားနှင့်အညီ အခု စီမံကိန်းများသည်လည်း ထရမ့်၏ စွမ်းဆောင်မှုများကြောင့် အောင်မြင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ကိုးကား -BBC

Photo: AP News