သမ္မတထရမ့်၏ ဂရင်းလန်းပိုင်ဆိုင်ရေး ကြေညာချက်က နေတိုးအဖွဲ့ဝင်များကြား ပဋိပက္ခ မီးမွှေးလာနိုင်ကြောင်း ကျွမ်းကျင်သူပြောကြား
ဂရင်းလန်းကို အမေရိကန်ပိုင်နက်ဖြစ်လာစေရေး ထရမ့်မှတ်ချက်များက နေတိုးအဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အမေရိကန်၏ ဝန်ထုတ်ဝန်ပိုးဖြစ်နေသော နေတိုးအဖွဲ့ လုပ်ငန်းလည်ပတ်မှုအတွက် ထည့်ဝင်ပေးနေသည့် ကုန်ကျစရိတ်ပမာဏ လျှော့ချနိုင်ရေး ဥရောပနိုင်ငံများက ပိုမိုတာဝန်ယူပေးကြရန် ဖိအားပေးလာနိုင်ကြောင်း၊ ဂရင်းလန်းကိစ္စတွင်လည်း နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံအကြားနယ်မြေပိုင်နက်ရယူလိုမှုနှင့်ပတ်သက်၍ ပထမဆုံး သာဓကဖြစ်လာကြောင်း အမေရိကန်ကွန်မြူနစ်ပါတီဝင် Christopher Helali က TASS ကို ပြောကြားထားပါသည်။
ကိုးကား-TASS
MM-News-Category