တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူက ထပ်တိုးစုံစမ်းမေးမြန်းမှုအတွင်း ရှင်းလင်းတင်ပြရန်ငြင်းပယ်ခွင့် ကျင့်သုံး

News Image

  • တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူက ထပ်တိုးစုံစမ်းမေးမြန်းမှုအတွင်း ရှင်းလင်းတင်ပြရန်ငြင်းပယ်ခွင့် ကျင့်သုံး

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ယွန်းဆက်ယို၏ ဇနီးဖြစ်သူ ဂင်မ်ဂွန်ဟီး (Kim Keon-hee) သည် ဩဂုတ် ၁၈ ရက်တွင် ဖမ်းဆီး ခံရပြီးနောက် ဒုတိယအကြိမ် ဆင့်ခေါ်စုံစမ်းမေးမြန်းမှုအတွင်း ယေဘုယျ အားဖြင့် ရှင်းလင်းတင်ပြရန်ငြင်းပယ်ခွင့် ဆက်လက်ကျင့်သုံးခဲ့ကြောင်း သိရသည်။ “ဂင်မ်ဂွန်ဟီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” သည် ထိုနေ့တွင် ဂင်မ်ဂွန်ဟီးအား ထပ်မံဆင့်ခေါ်၍ ၎င်းက အစိုးရအရာရှိ ရွေးကောက် တင်မြောက်မှုတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် အစုရှယ်ယာ ဈေးနှုန်း အား ထိန်းချုပ်ခြင်း စသည်တို့ လုပ်ဆောင်ကြောင်း သံသယရှိမှုအတွက် ထပ်တိုးစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု တောင်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့သည်။

 နံနက်ပိုင်း စုံစမ်းစစ်ဆေးမှုသည် နံနက် ၁၀ နာရီမှ ၁၁ နာရီ ၄၂ မိနစ် ဝန်းကျင်အထိ လုပ်ဆောင်ခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးဘက်က ဂင်မ်ဂွန်ဟီး အနေဖြင့် စစ်ဆေးမေးမြန်းမှု အများစုတွင် ရှင်းလင်းတင်ပြရန် ငြင်းပယ်ခွင့်အား အသုံးပြုခဲ့ပြီး အချို့သော တင်ပြချက်များတွင်သာ “မသိဘူး” ၊ “မမှတ်မိဘူး” ဟု ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

 ညနေပိုင်းစုံစမ်းစစ်ဆေးမှုတွင် ဂင်မ်ဂွန်ဟီးအနေဖြင့် Deutsch Motors ကုမ္ပဏီ ဥက္ကဋ္ဌဟောင်းက ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အစုရှယ်ယာ ဈေးနှုန်းအား ထိန်းချုပ်ရန် ညွန်ကြားမှုအတွင်း ၎င်းအတွက် အရင်းအနှီး ပံ့ပိုးပေးမှု စသည်တို့နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့သည်။

“ဂင်မ်ဂွန်ဟီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” သည် ဩဂုတ် ၇ ရက်တွင် “အရင်းအနှီးဈေးကွက်ဥပဒေ” ၊ “နိုင်ငံရေးရန်ပုံငွေဥပဒေ” ၊ “အထူးသတ်မှတ် ထားသော ပြစ်မှုကျူးလွန်မှုအတွက် ပြစ်ဒဏ် တိုးမြှင့်ခြင်း ဥပဒေ” တို့အား ချိုးဖောက်ကြောင်း သံသယရှိမှုဖြင့် ဂင်မ်ဂွန်ဟီးအား ဖမ်းဆီးမိန့် ခွင့်ပြုရန် တရားရုံးထံ လျှောက်ထားခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဩဂုတ် ၁၂ ရက် သန်းခေါင်ချိန်တွင် ဂင်မ်ဂွန်ဟီးအား ဖမ်းဆီးရန်အမိန့်ထုတ်ပြန်ခဲ့သည်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဩဂုတ် ၁၄ ရက်တွင် ဂင်မ်ဂွန်ဟီးအား ဖမ်းဆီးခံရပြီးနောက် ပထမဆုံးအကြိမ် ဆင့်ခေါ်စုံစမ်းစစ်ဆေးမှု လုပ်ဆောင် ခဲ့ရာ ဂင်မ်ဂွန်ဟီးက မေးမြန်းမှုအများစုအပေါ် ရှင်းလင်း တင်ပြရန် ငြင်းပယ်ခွင့် ကျင့်သုံးခဲ့သောကြောင့် စုံစမ်းစစ်ဆေးမှုသည် အချိန်စော၍ အဆုံးသတ် ခဲ့ရသည်။ 

ကိုးကား- Xinhua