လာမည့်သီတင်းပတ် ၂ ပတ်အတွင်း ဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးရန် ပူတင် သဘောတူကြောင်း Friedrich Merz ဆို
ဝါရှင်တန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ပူတင်သည် လာမည့်သီတင်းပတ် ၂ ပတ်အတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် တွေ့ဆုံ ဆွေးနွေးရန် သဘောတူကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲကျင်းပမည့်နေရာအား မဆုံးဖြတ်ရသေးကြောင်း၊ ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz က ဩဂုတ် ၁၈ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်၌ ပြောကြား ခဲ့သည်။
ပူတင်က အမေရိကန်သမ္မတ ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ဇီလန်စကီးနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြောင်း Merz က မီဒီယာများထံ ပြောကြားခဲ့သည်။
အဆိုပါနေ့ အစောပိုင်းတွင် ထရမ့်နှင့် ဇီလန်စကီးတို့သည် အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ထရမ့်နှင့် Merz စသည့် ဥရောပခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံ ဆွေးနွေးမှုအပြီး ထရမ့်နှင့် ပူတင် ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ “သမ္မတပူတင်နှင့် သမ္မတ ဇီလန်စကီးတို့ တွေ့ဆုံဆွေးနွေးရန် စတင်စီစဉ်နေပြီ” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ပူတင် က ဖိတ်ကြားမှုအရ ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ရုရှား-ယူကရိန်းကိုယ်စားလှယ်အဖွဲ့များ တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှု ဆက်လက်ပြုလုပ်ရန် နှစ်ဖက်လုံးက ထောက်ခံအားပေးသည်ဟု ပြောကြား ခဲ့ကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က အကြောင်းကြားစာ ထုတ်ပြန်၍ ပြောခဲ့သည်။ အကြောင်းကြားစာတွင် ရုရှား-ယူကရိန်း သမ္မတ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဖော်ပြ ထားခြင်းမရှိပေ။
ကိုးကား- Xinhua