ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ သွားရောက် လည်ပတ်သင့်သောခရီးစဉ်တစ်ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အသိပေး

News Image

  • ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ သွားရောက် လည်ပတ်သင့်သောခရီးစဉ်တစ်ခုကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အသိပေး

မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သည် သွားရောက်လည်ပတ်သင့်သော ခရီးစဉ်တစ်ခုဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်တွင် အသိပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအတိုင်း မပျက်စီးသေးဘဲ ရေမြေတောတောင်သဘာဝအလှအပများဖြင့် ခရီးသွားများအတွက် ဆွဲဆောင်မှုရှိသော ကမ္ဘာက အသိအမှတ်ပြုသည့် ခရီးစဉ်ဒေသများစွာရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားလူသိများသော ရေတံခွန်များနှင့်အပြိုင် လှပနေသည့် မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သည် အရှေ့တောင်အာရှတွင် အလှပဆုံးဟု တင်စားခေါ်ဝေါ်ကြပြီး ခရီးသွားပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့ကြည်နူးစွာ သွားရောက်လည်ပတ်သင့်သော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။

သွားရောက်လည်ပတ်လိုသူများအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါရေတံခွန်သို့ နမ့်စန်မြို့တွင် ညအိပ်ရပ်နား၍ နေ့ချင်းပြန်သွားရောက်လည်ပတ်နိုင်ပါကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ကိုးကား-NP News