ဘားအံဒေသသို့ လာရောက်လည်ပတ်သူ များပြား
ကရင်ပြည်နယ်တွင် ခရီးသွားပြည်သူများအကြား ရေပန်းစားနေသည့် ဘားအံခရီးစဉ်ဒေသသည် သဘာ၀အလှတရားများနှင့် စိမ်းစိုနေသဖြင့် လာရောက်လည်ပတ်သူများ ပြားလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
” မိုးတွင်းဆိုရင် ဘားအံဒေသက လည်လို့အကောင်းဆုံးပဲ။ မိုးရာသီဆို လာတဲ့သူများတယ်။ ခရီးသွားဧည့်သည်တွေအဝင်များတော့ ဒေသခံတွေအတွက်လည်း ဝင်ငွေရတာပေါ့။ ပြည်တွင်းခရီးသွားက ပိုများပါတယ်” ဟု ဘားအံရှိ ဒေသခံတစ်ဦးကဘပေါ်ပြူလာနယူးစ်သို့ ပြောသည်။
ဘားအံဒေသသို့ လာရောက်လည်ပတ်ပါက သံလွင်မြစ်ဘေးရှိ ရွှေရင်မျှော် စေတီ၊ ဘားအံမြို့ထဲရှိ ကန်သာယာ ရေကန်ကြီး၊ ဘားအံမြို့ တောင်ဘက် (၇) မိုင်ခန့်တွင် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ (၃,၂၇၂) ပေရှိ ဇွဲကပင်တောင်၊ ဘားအံမြို့ တောင်ဘက် (၇) မိုင်ရှိ ကျောက်ကလပ်စေတီ၊ ဘုရင့်ညီဂူ နှင့် ရေပူစမ်းရှိကြောင်း သိရသည်။
Popular Myanmar
MM-News-Category