အကောက်ခွန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြား

News Image

  • There is no winner in tariff or trade war, China reiterates

လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် စတင်၍ တရုတ်ကုန်ပစ္စည်းများကို အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၂၂ ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားလိုက်မှုအပေါ် အကောက်ခွန်နှင့်ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စမောနင်းက ထပ်လောင်း ပြောကြားလိုက်ပါသည်။

 “မိမိတို့၏ ရပ်တည်ချက်ကို အကြိမ်ကြိမ် ရှင်းပြပြီးပါကြောင်း၊ အကောက်ခွန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အောင်နိုင်သူမရှိကြောင်း ၊ တရုတ်နိုင်ငံက မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို အမြဲတစေ အခိုင်အမာကာကွယ်သွားမည်ဖြစ်ကြောင်း” သူမက ပေကျင်းတွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

ကိုးကား-China Daily