ရုရှားနိုင်ငံအပေါ်ချမှတ်သည့်စီးပွားရေးပိတ်ဆို့မှုများက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို သာပိုမိုအထိနာစေဟု ဟန်ဂေရီပြော

News Image

  • ရုရှားနိုင်ငံအပေါ်ချမှတ်သည့်စီးပွားရေးပိတ်ဆို့မှုများက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို သာပိုမိုအထိနာစေဟု ဟန်ဂေရီပြော

ရုရှားနိုင်ငံအပေါ် ဥရောပသမဂ္ဂအဖွဲ့က ချမှတ်သည့်စီးပွားရေးပိတ်ဆို့မှုများသည်အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကိုသာ ပိုမိုအထိနာစေခြင်းကြောင့် ရုရှားအပေါ်စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမည့်အစီအစဉ်အား ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ကန့်ကွက်ခဲ့ကြောင်း Bloomberg ကဖော်ပြသည်။

လက်ရှိအချိန်သည် ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုဖယ်ရှားရမည့်အချိန်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့၏၂၀၂၅ ခုနှစ်အတွက် ရည်မှန်းချက်သည် ရုရှားအပေါ် ပိတ်ဆို့မှုချမှတ်ထားခြင်းမရှိသည့် ဆက်ဆံရေးဖြစ်ကြောင်း အော်ဘန်က Kossuth  ရေဒီယိုနှင့် လုပ်ဆောင်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ကြောင်း Bloomberg  က ဇန်နဝါရီလ၂၂ ရက်တွင် ဖော်ပြသည်။

အော်ဘန်သည် ဥရောပသမဂ္ဂအဖွဲ့ကရုရှားအပေါ် ပိတ်ဆို့မှုများချမှတ်ခြင်းအပေါ်ပြစ်တင်ဝေဖန်လေ့ရှိပြီး အဆိုပါပိတ်ဆို့မှုများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကိုသာ ပိုမိုအထိနာစေသည်ဟု ယုံကြည်နေသူဖြစ်ကြောင်းသိရသည်။

ဥရောပသမဂ္ဂအဖွဲ့က ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများသည် ယခုနှစ်ဇန်နဝါရီလ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းထပ်မံတိုးရန်အတွက် အဖွဲ့ဝင် ၂၇ နိုင်ငံစလုံး၏ တညီတညွတ်တည်း သဘောတူညီချက်ရရှိရန် လိုအပ်လျက်ရှိသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှားအပေါ်ပိတ်ဆို့မှုသက်တမ်းတိုးရေးနှင့် စပ်လျဉ်း၍ဘရပ်ဆဲမြို့၌ ဇန်နဝါရီလ၂၇ ရက်တွင်ထပ်မံတွေ့ဆုံမည်ဖြစ်ပြီး အကယ်၍ ဟန်ဂေရီနိုင်ငံက ဆက်လက်ကန့်ကွက်နေပါက ပိတ်ဆို့မှုသက်တမ်းတိုးရန် အခက်အခဲဖြစ်ပွားနိုင်ကြောင်း နီးစပ်သူများ၏ပြောကြားချက်ကို ကိုးကား၍ Bloomberg ကဆက်လက်ဖော်ပြထားသည်။

Source: Myawady Daily Newspaper