ယူကရိန်းစစ်သည်များက မြို့ပြစစ်ပွဲဆိုင်ရာလေ့ကျင့်မှုများကို ဗြိတိန်နိုင်ငံတွင် သင်ကြားပေး ခြင်းခံ ခဲ့ရဟုဆို

News Image

  • ယူကရိန်းစစ်သည်များက မြို့ပြစစ်ပွဲဆိုင်ရာလေ့ကျင့်မှုများကို ဗြိတိန်နိုင်ငံတွင် သင်ကြားပေး ခြင်းခံ ခဲ့ရဟုဆို

ယူကရိန်းစစ်သည်များသည် မြို့ပြစစ်ပွဲဆိုင်ရာလေ့ကျင့်မှုများကို ဗြိတိန်နိုင်ငံတွင် သင်ကြားပေးခြင်းခံခဲ့ရကြောင်း ဗြိတိန်မှရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်တစ်ဦးက Sputnik သတင်းဌာနသို့ပြောသည်။

ယူကရိန်းစစ်သည်များသည် မြောက်ယော့ရှိုင်းယားရှိ  စစ်အခြေစိုက်စခန်းတစ်ခုတွင် မြို့ပြစစ်ပွဲနှင့်သက်ဆိုင်သည့် လေ့ကျင့်မှုများကို ဘာသာပြန်မှတစ်ဆင့် ဗြိတိန်စစ်ရေးလေ့ကျင့်သင်ကြားပေးသူများ၏   ညွှန်ကြားချက်အတိုင်းသင်ယူခဲ့ခြင်းဖြစ်ပြီး     ၎င်းစစ်သည်များအားကာ့ဒေသရှိ ဆွစ်ဇာမြို့သို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားသို့ထွက်ပြေးလာသည့် ယူကရိန်းစစ်သည်က ဆက်ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံအတွင်းရှိ ကာ့ဒေသသို့ ကျူးကျော်တိုက်ခိုက်မည့်အစီအစဉ်ကို အနောက်နိုင်ငံများမှ  ထောက်လှမ်းရေးအဖွဲ့များက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကSputnik  သတင်းဌာနသို့    ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းတွင် ပြောကြားခြင်းဖြစ်သည်။

Sputnik သတင်းဌာနသည် ယူကရိန်းစစ်သည်များအား စစ်ရေးနည်းပြများက ဗြိတိန်နိုင်ငံရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် လေ့ကျင့်သင်ကြားပေးနေသည့် ဗီဒီယိုပြကွက်တစ်ခုကို ပထမဆုံးအကြိမ်အဖြစ်ဇန်နဝါရီလ ၂၄ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။

Source: Myawady Web Portal