အီးယူစိန်ဈေးကွက်အပေါ် ဆိုးရွားစွာသက်ရောက်စေခဲ့သည့် ရုရှားအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု

News Image

  • အီးယူစိန်ဈေးကွက်အပေါ် ဆိုးရွားစွာသက်ရောက်စေခဲ့သည့် ရုရှားအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှု

ရုရှားနိုင်ငံအပေါ်  ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများသည်  အီးယူ၏စိန်ဈေးကွက်အပေါ် သက်ရောက်စေလျက်ရှိကြောင်း NZZ နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

အီးယူနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ပြီး ခုနစ်နိုင်ငံ (G7) က   ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံမှတင်ပို့လာသည့် စိန်များအပေါ်ချမှတ်ခဲ့သည့်   ပိတ်ဆို့မှုများသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အသက်ဝင်လာခဲ့သည်။ ရုရုားမှတင်ပို့သည့် စိန်များအပေါ်  ပိတ်ဆို့မှုများချမှတ်ပြီးမကြာမီ  အီးယူနိုင်ငံများအတွင်းသို့ ဝင်ရောက်လာမည့် စိန်သွင်းကုန်အားလုံးသည် ဘယ်ဂျီယံနိုင်ငံ  အန့်သဝါ့အခြေစိုက်စိန်လုပ်ငန်းမှ  အတည်ပြုချက်ရယူရန်လိုအပ်ကြောင်း   ဥရောပကော်မရှင်ကကန့်သတ်ခဲ့သည်။

ရုရှားနိုင်ငံမှ   စိန်တင်ပို့ခြင်းကို ကန့်သတ်လိုက်ခြင်းကြောင့် အန့်သဝါ့အခြေစိုက်စိန်လုပ်ငန်းတွင် ဆိုးရွားသည့်သက်ရောက်မှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် အစိုးရကကြားဝင်ဖျန်ဖြေပေးရန် စိန်လုပ်ငန်းမှတာဝန်ရှိသူများက တောင်းဆိုထားသည်။

အန့်သဝါ့အခြေစိုက် စိန်လုပ်ငန်းသည်ကမ္ဘာပေါ်ရှိ စိန်အားလုံး၏ ၉၀ ရာခိုင်နှုန်းကိုကိုင်တွယ်နေရသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများချမှတ်ခြင်း၏ ရလဒ်ကြောင့်အဆိုပါစိန်လုပ်ငန်းရှိ ပို့ကုန်နှင့် သွင်းကုန်များမှာ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အနည်းဆုံး၂၅ ရာခိုင်နှုန်းကျဆင်းလာခဲ့သည်။

ရုရှားနိုင်ငံသည် ဘော့စဝါနာ၊ ကွန်ဂိုနိုင်ငံကဲ့သို့သောအာဖရိကနိုင်ငံများကိုကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် စိန်အများဆုံးထုတ်လုပ်နေသည့်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် ရုရှားနိုင်ငံမှ စိန်တင်သွင်းမှုအပေါ်   ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများသည် ဘယ်ဂျီယံရှိစိန်လုပ်ငန်းကို ဆိုးရွားစွာထိခိုက်စေခဲ့ခြင်းဖြစ်သည်။

Ref: RT

Source: Myawady Web Portal