အတိုးနှုန်းများကို မူလနှုန်းထားအတိုင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell သတ်မှတ်

News Image

  • အတိုးနှုန်းများကို မူလနှုန်းထားအတိုင်း အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell သတ်မှတ်

အမေရိကန်ဗဟိုဘဏ်ကအတိုးနှုန်းများကို မူလနှုန်းထားအတိုင်း ဆက်လက်သတ်မှတ်လိုက်ကြောင်း ကြေညာပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်ဗဟိုဘဏ်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powellတို့သည် စီးပွားရေးကို အလွဲသုံးစားလုပ်ကာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စွပ်စွဲပြောကြားခဲ့ပါသည်။

Powell က ဇန်နဝါရီ ၂၉ ရက်(ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် အတိုးနှုန်းများကို ယခင်အတိုင်း ၄.၂၅ % မှ ၄.၅ % အထိ သတ်မှတ် ခဲ့ပါသည်။ အမေရိကန်စီးပွားရေးသည် သေချာရေရာသည့် အခြေအနေမဟုတ်သည့်အတွက် ဘဏ်၏အတိုးနှုန်းများကို ရုတ်တရက်လျှော့ချရန်မသင့်ဟု Powell ကပြောကြားခဲ့ပါသည်။ 

သမ္မတဒေါ်နယ်ထရမ့်သည် မဲဆွယ်စည်းရုံးသည့်ကာလအတွင်း အတိုးနှုန်းများကိုလျှော့ချပေးမည်ဟုပြောကြားခဲ့ပြီး လက်ရှိတွင်လည်း အမေရိကန်စီးပွားရေးကို အကြီးအကျယ်ပြောင်းလဲစေမည့် မူဝါဒများကို ချမှတ်နေသူဖြစ်ပါသည်။ သို့သော်လည်း ထိုမူဝါဒများသည် အမေရိကန်ဈေးနှုန်းများအပေါ်တွင် ဖိအားများဖြစ်စေနိုင်သည့်အတွက် အချို့သောစီးပွားရေးပညာရှင်များမှာ Powell ဘက်မှ ထောက်ခံနေကြပါသည်။

Powell ကမူ “၎င်းအနေဖြင့် ထရမ့်နှင့် အဆက်အသွယ်မရှိပါကြောင်း၊ အတိုးနှုန်းများကို အချက်အလက်အပေါ် တွင်သာ အခြေခံပြီးလုပ်ဆောင်ပါကြောင်း” ပြောကြားခဲ့ပါသည်။

ကိုးကား -BBC