တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိ၊ တစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

News Image

  • တူကီယဲနိုင်ငံ အရှေ့တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိ၊ တစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရ

တူကီယဲနိုင်ငံ  အရှေ့တောင်ပိုင်းတွင် ခရီးသည်တင်  ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိသွားကြောင်း Haber Global က ဖေဖော်ဝါရီလ၂ရက်တွင် ဖော်ပြသည်။

အဆိုပါမတော်တဆမှုသည် နူဒါဂင်မြို့အနီးရှိ  အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း ခရီးသည်တင်ဘတ်စကားမှာ ကုန်တင်ကား၏ ဝင်တိုက်မှုကြောင့် ဆိုးရွားစွာပျက်စီးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်   ကားနှစ်စီးစလုံးမှာ မီးစွဲလောင်ခဲ့ပြီး ကယ်ဆယ်ရေးသမားများက    မီးလောင်ကျွမ်းမှုအား  တစ်နာရီကြာခန့်  ငြှိမ်းသတ်ခဲ့ရသည်။

ယာဉ်တိုက်မှုအတွင်း   သေဆုံးသွားသူမှာ ဘတ်စကားယာဉ်မောင်းအကူဖြစ်ပြီး ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Source: Myawady Web Portal