ရုရှားပိုင်နက် Kursk ဒေသရှိ ကျေးရွာမှ ရွာသူ၊ ရွာသားများကို ယူကရိန်းတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့် သတ်ဖြတ်

News Image

  • ရုရှားပိုင်နက် Kursk ဒေသရှိ ကျေးရွာမှ ရွာသူ၊ ရွာသားများကို ယူကရိန်းတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့် သတ်ဖြတ်

ယူကရိန်းစစ်တပ်က ရုရှားကျေးရွာ Russkoye Porechnoye ရှိ အမျိုးသမီး ၈ ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း ဖမ်းဆီးရမိခဲ့သည့် ယူကရိန်းစစ်သား Yevgeny Fabrisenko က ရုရှား စုံစမ်းစစ်ဆေးရေးမှူးများက စစ်ဆေးစဉ် ဝန်ခံခဲ့သည်ဟု သိရှိရပါသည်။

လူ ၃၀၀ ဝန်းကျင်နေထိုင်သည့် Russkoye Porechnoye သည် Kursk ဒေသသို့ အနောက်ဥရောပ ထောက်ပံ့ကူညီမှုဖြင့် ယူကရိန်းတပ်များက ဝင်ရောက်ကျူးကျော် ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်သို့ကျရောက်ခဲ့ရသည်။ 

ရုရှားတပ်ဖွဲ့ဝင်များသည် ယခုလအစောပိုင်းတွင် အဆိုပါနေရာအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာအတွင်းရှိ အဆောက်အဦများ၏ မြေအောက်ခန်းများအတွင်း ရွာသူ၊ ရွာသားများ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည်ဟုဆိုပါသည်။

ဇန်နဝါရီ ၃၁ ရက်နေ့တွင် ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်သည့်အထောက်အထားအသစ်များကို ထုတ်ပြန်ခဲ့ပြီး အမှတ်-၉၂ ခွဲထွက်ချေမှုန်းရေးတပ်မဟာမှ စစ်သားတစ်ဦးဖြစ်သည့် Yevgeny Fabrisenko ကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာ Fabrisenko က ၎င်းနှင့်အတူ ၎င်း၏တပ်ကြပ်နှင့် အခြားတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၈ ရက်က ရွာသို့ ဝင်ရောက်တပ်စွဲထားခဲ့ကြောင်း ပြောကြားခဲ့သည်။

Fabrisenko ၏အဆိုအရ ၎င်းတို့၏တပ်ခွဲမှူးသည် ရုရှားအရပ်သားများ၏ရွာကို ရှင်းလင်းရန် အတိအလင်း အမိန့်ပေးခဲ့သည်ဟုဆိုသည်။ တပ်ဖွဲ့သည် အောက်တိုဘာ ၃ ရက်အထိ Russkoye Porechnoye ၌ ရှိနေခဲ့ပြီး နေအိမ်များကိုဝင်ရောက်စီးနင်းကာ အမျိုးသမီးများအား အဓမ္မပြုကျင့်ပြီး အမျိုးသားများကိုကွပ်မျက်ခဲ့ကာ ခုခံသူများကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ၎င်းက ဝန်ခံခဲ့သည်။

ကိုးကား-RT