ဂါဇာမှ ကလေးများကို ဆေးကုသရန် အီဂျစ် ဝင်ခွင့်ပြု

News Image

  • ဂါဇာမှ ကလေးများကို ဆေးကုသရန် အီဂျစ် ဝင်ခွင့်ပြု

အီဂျစ်နိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် ဂါဇာ၏ တောင်ဘက် အစွန်ဆုံး ရာဖာမြို့ရှိ နာမကျန်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိထားသော ပါလက်စတိုင်း ကလေး ၅၀ ကျော်ကို ဆေးကုသရန်အတွက် အီဂျစ်ဘက်မှ နယ်စပ်ဂိတ်ကို ဖွင့်ပေးလိုက်ကြောင်း သိရပါသည်။ အီဂျစ်ရုပ်သံလိုင်းတစ်ခု၌ လူနာတင်ကားများစွာ နယ်စပ်ဂိတ်မှတစ်ဆင့် အီဂျစ်နိုင်ငံထဲသို့ ဝင်လာခြင်းကို ပြသခဲ့ပါသည်။

လွန်ခဲ့သော ၉ လခန့်ကတည်းက ပိတ်ထားခဲ့သော နယ်စပ်ဂိတ်ကို ပထမဆုံး ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ဂါဇာရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အဆို အရ လတ်တလောအရေးပေါ်ကုသရန် လိုအပ်သည့် လူနာ ၁၂,၀၀၀ ကျော်ရှိနေပြီး ပထမအဆင့်အနေဖြင့် ၆,၀၀၀ ခန့်အား ပို့ဆောင်နိုင်ရန် ကြိုးစားနေကြောင်း သိရှိရပါသည်။ ဂါဇာ၌ ဆေးရုံ၊ ဆေးခန်း မရှိသလောက်ဖြစ်သွားသည့်အတွက် အီဂျစ်နိုင်ငံဖက်သို့ သွားရောက်ကုသရခြင်းဖြစ်သည်။ 

အဆိုပါနယ်စပ်ဂိတ်ကို အစ္စရေးစစ်တပ်နှင့် အီဂျစ် စစ်တပ်နှစ်ဖက်လုံးမှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ကိုးကား-Myanmar National Post