လော့စ်အိန်ဂျလိစ်မြို့ မီးလောင်ကျွမ်းမှုကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မီးသတ်အရာရှိများပြော

News Image

  • လော့စ်အိန်ဂျလိစ်မြို့ မီးလောင်ကျွမ်းမှုကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း မီးသတ်အရာရှိများပြော

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက်မှ ဧကပေါင်း (၁၄၀၀၀) ကျော်ကို လောင်ကျွမ်းစေခဲ့သည့် Eaton မီးကို (၁၀၀) ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်ဟု မီးသတ်အရာရှိများက ပြောကြားခဲ့ပါသည်။ အဆိုပါထိန်းချုပ်နိုင်မှုသည် လော့စ်အိန်ဂျလိစ်မြို့ တစ်ဖက်စီ၌ ကြီးမားသောတောမီးလောင်ကျွမ်းမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် သီတင်းပတ် (၃) ပတ်ကျော်ကြာအတွင်း ထင်ရှားသည့်မှတ်တိုင် တစ်ခုဖြစ်သည် ဟုလည်း သိရပါသည်။

လော့စ်အိန်ဂျလိစ်မြို့ အနောက်ဘက်က ဧကပေါင်း (၂၃,၄၄၈) ဧကကို လောင်ကျွမ်းစေခဲ့သည့် Palisades မီးကိုလည်း လက်ရှိအချိန်တွင် (၁၀၀) ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်ဟုလည်း ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာနက ပြောကြား ခဲ့ပါသည်။ ကြီးမားသောမီးလောင်ကျွမ်းမှုကြီး နှစ်ခုနှင့် သေးငယ်သော မီးလောင်ကျွမ်းမှုအများအပြားသည် လော့စ်အိန်ဂျလိစ်မြို့သမိုင်း၌ အဆိုးရွားဆုံး သဘာဝ ဘေးအန္တရာယ်ကို ဖန်တီးခဲ့ပြီး လူ (၂၈) ဦး သေဆုံးကာ အဆောက်အဦပေါင်း (၁၆,၀၀၀) ကျော် ထိခိုက်/ ပျက်စီး ခဲ့သည်ဟုလည်း သိရပါသည်။

တစ်ချိန်တည်းမှာပင် လူပေါင်း (၁၈၀,၀၀၀) ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားသည်ဟုလည်း လော့စ်အိန်ဂျလိစ်မြို့ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ အဆိုပါမီးလောင်ကျွမ်းမှုများကြောင့် Private forecaster AccuWeather စီမံကိန်းများသည် ပျက်စီးဆုံးရှုံးမှုနှင့် စီးပွားရေးဆုံးရှုံးမှု အမေရိကန် ဒေါ်လာ (၂၅၀) ဘီလီယံကျော် ရှိခဲ့ကြောင်းလည်း သိရပါသည်။ ထို့အပြင် လွန်ခဲ့သော သီတင်းပတ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌ ရက်ရှည် မိုးရွာသွန်းခဲ့မှုနှင့်အတူ ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် ဘေးအန္တရာယ်များ ပိုမိုတိုးမြင့်လာခဲ့ကြောင်းလည်း အာဏာပိုင်များက ပြောကြားခဲ့ပါသည်။

ကိုးကား-NP News