နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရန် ပိုမို မြန်ဆန်နိုင်မည့်နည်းလမ်းများ အီရန် အသုံးပြုလျက်ရှိ ဟုဆို

News Image

  • နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရန် ပိုမို မြန်ဆန်နိုင်မည့်နည်းလမ်းများ အီရန် အသုံးပြုလျက်ရှိ ဟုဆို

အီရန်သိပ္ပံပညာရှင်များသည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ရန် ပိုမိုမြန်ဆန်သောနည်းလမ်းကို လုပ်ဆောင်နေကြောင်း အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ New York Times က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အစီရင်ခံစာအရ တီဟီရန်အခြေစိုက် သိပ္ပံပညာရှင်များ၏ လျှို့ဝှက် အဖွဲ့တစ်ဖွဲ့သည် အမေရိကန် သို့မဟုတ် အစ္စရေးတို့၏ စစ်ရေးလုပ်ဆောင်မှုကို ဟန့်တားရန်အတွက် အဏုမြူ ဗုံးထုတ်လုပ်ရန် နည်းလမ်းသစ်ရှာဖွေရန် တာဝန်ပေးအပ်ခံထားရပြီး အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

အီရန်သည် နျူကလီးယားလက်နက်ထိန်းချုပ်မှု အစီအစဉ်အောက်၌ ရှိနေသော်လည်း ဆီးရီးယားသမ္မတဟောင်း Bashar Assad ကျဆုံးခြင်းနှင့် အစ္စရေး၏ စစ်ဆင်ရေး လုပ်ဆောင်မှုများအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ အင်အားနည်းသွားခြင်းအပါအဝင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဒေသတွင်းအခြေအနေများသည် တီဟီရန်၏ နျူကလီးယားလှုပ်ရှားမှုများကို အရှိန်မြှင့်ရန် လှုံ့ဆော်မှုဖြစ်စေခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက NYT သို့ ပြောကြားခဲ့သည်။

နေတန်ယာဟုသည် အီရန်၏နျူကလီးယား စက်ရုံများကို တိုက်ခိုက်မှုများပြုလုပ်ရန် ကြိမ်ဖန်များစွာ စဉ်းစားလျက်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း၎င်း၏အကြံပေးများနှင့် ဝါရှင်တန်တို့က ကန့်ကွက်ခဲ့ကြကြောင်းသိရှိရပါသည်။

ကိုးကား-RT