ကမ္ဘာ့ကင်ဆာနေ့ကို ဂုဏ်ပြုသောအားဖြင့် ဝေလ မင်းသမီးက သစ်တောထဲတွင် ရိုက်ကူးထားသည့် သူမ၏ ဓာတ်ပုံ မျှဝေ

News Image

  • ကမ္ဘာ့ကင်ဆာနေ့ကို ဂုဏ်ပြုသောအားဖြင့် ဝေလ မင်းသမီးက သစ်တောထဲတွင် ရိုက်ကူးထားသည့် သူမ၏ ဓာတ်ပုံ မျှဝေ

ဖေဖော်ဝါရီ ၃ ရက်တွင် ကျရောက် ကမ္ဘာ့ကင်ဆာနေ့ကို ဂုဏ်ပြုသောအားဖြင့် ဗြိတိန် ဝေလမင်းသမီး ကတ်သရင်း က တောအုပ်တစ်နေရာရှိ သစ်ပင်များအကြား ပြုံးရွှင်နေသော မျက်နှာအမူအယာဖြင့် လက်ဆန့်တန်းကာ ရိုက်ကူးထားသည့် ဓာတ်ပုံကို နန်းတော်၏ X စာမျက်နှာတွင် မျှဝေခဲ့ပါသည်။ ထိုဓာတ်ပုံကို ၆ နှစ် သားအရွယ် မင်းသားက ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။

မင်းသမီးကတ်သရင်းသည် ဖော်မပြနိုင်သည့် ကင်ဆာရောဂါအတွက် ကုသမှုခံယူရန် ယမန်နှစ်က ပြည်သူ့တာဝန်များမှ အနားယူခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီလက ကင်ဆာပျောက်ကင်းသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ကင်ဆာရောဂါကိုယ်တိုင် ခံစားဖူးရသူဖြစ်သဖြင့် ကင်ဆာရောဂါခံစားနေသူများအတွက် စိတ်ခွန်အားပေးစေမည့် ယခုလုပ်ဆောင်ချက်အပေါ် ဂုဏ်ယူမိကြောင်း မင်းသမီးက ပြောကြားထားပါသည်။

ကိုးကား-CNN