သီရိလင်္ကာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိ

News Image

  • သီရိလင်္ကာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိ

သီရိလင်္ကာ အကောက်ခွန်ဌာနသည် ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဌာနမှ    ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၅ ရက်တွင်ပြောသည်။

အဆိုပါကိုကင်းအရည်ကို ဗြိတိန်နိုင်ငံမှ သီရိလင်္ကာနိုင်ငံအနောက်ပိုင်း ကီရီဘတ်ဂိုဒါဒေသရှိ လိပ်စာတစ်ခုသို့ပေးပို့သည့် အထုပ်တစ်ခုအတွင်း၌ ဖေဖော်ဝါရီလ ၄ ရက်တွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆီးဗာလီ အာရွတ်ဂိုဒါကပြောသည်။     အဆိုပါအထုပ်အတွင်း၌ ဆေးခြောက် ၆၅ ဂရမ်နှင့် အလေးချိန် ၅၀၀ မီလီလီတာရှိ ကိုကင်းအရည်တို့ ပါဝင်ကြောင်း  သိရသည်။

သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏တန်ဖိုးမှာ ကာလပေါက်ဈေး ရူပီး ၁၃ သန်း (ဒေါ်လာ ၄၄၀၀၀) ခန့်ရှိကြောင်း အာရွတ်ဂိုဒါက ဆက်ပြောသည်။ ယခုကဲ့သို့ ကိုကင်းအရည်ကို သိမ်းဆည်းရမိခဲ့ခြင်းသည် သီရိလင်္ကာနိုင်ငံ၏ အကောက်ခွန်သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ အာဏာပိုင်အဖွဲ့က အသက် ၂၃ နှစ်အရွယ်ရှိ ခရီးသွားလုပ်ငန်း၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

Source: Myawady Web Portal