ကနေဒါ မက္ကဆီကိုအပေါ် အခွန်ကောက်ခံရန် ထရမ့် ဘာကြောင့် ဆိုင်းငံ့လိုက်တာလဲ
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကနေဒါနှင့် မက္ကဆီကိုတို့မှ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်များချမှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းအခွန်ကောက်ခံမှုကို ဖေဖော်ဝါရီ ၄ ရက်တွင် အတည်ပြုမည်ဟု ကြေညာခဲ့ပါသည်။ ထိုကြေညာချက်အပေါ် ကနေဒါနှင့်မက္ကဆီကိုတို့မှ ပြန်လည်အကြောင်း တုံ့ပြန်ခဲ့ကြပြီး အခြေအနေများ ပိုမိုတင်းမာလာသည်။
သို့ရာတွင် ၂၄ နာရီအတွင်းတွင် ကနေဒါနှင့်မက္ကဆီကိုတို့မှ အခွန်များကောက်ခံမည့် ကိစ္စကို ၃၀ ရက်ကြာ ရပ်ဆိုင်းရန် သဘောတူညီမှုများရရှိခဲ့သည်။ ကနေဒါက fentanyl ဆေးဝါး၏ တင်သွင်းမှုကို တားဆီးရန် အထူးတာဝန်ခံတစ်ဦး ခန့်အပ်၍ နယ်စပ်လုံခြုံရေးကို တိုးမြှင့်မည်ဟု ကတိပြုခဲ့သည်။ အခြားတစ်ဖက်တွင် မက္ကဆီကိုက မက္ကဆီကို-အမေရိကန် နယ်စပ်သို့ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀,၀၀၀ ဦး ချထား၍ မူးယစ်ဆေးဝါးနှင့် တရားမဝင် ဝင်ရောက်မှုများကို တားဆီးမည်ဟု သဘောတူခဲ့သည်။ သို့သော် အချို့သော လေ့လာသုံးသပ်သူများက ယင်းကတိများသည် အစဉ်အလာအရ ဆောင်ရွက်နေသော အစီအစဉ်များဖြစ်ကြောင်း၊ ယခုကဲ့သို့ အခွန်များချမှတ်ခြင်းမရှိဘဲ ဆွေးနွေးနိုင်သော အရာများဖြစ်ကြောင်း ဆိုကြသည်။
သမ္မတဒေါ်နယ်ထရမ့်၏ အခွန်များချမှတ်ခြင်းနှင့် ပြန်လည်ရပ်ဆိုင်းခြင်းကဲ့သို့သော လုပ်ဆောင်ချက်များသည် ကုန်သွယ်မှုမိတ်ဖက်များအကြား အပြန်အလှန် ယုံကြည်မှုကို ထိခိုက်စေပြီး စီးပွားရေးအတက်အကျများ ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ဝေဖန်ထားကြသည်။
အချုပ်ဆိုရသော် အခွန်များချမှတ်ခြင်းနှင့် ရပ်ဆိုင်းခြင်းတို့က အမေရိကန်နှင့် ကနေဒါ၊ မက္ကဆီကိုတို့နှင့် ရှိရင်းစွဲ ကုန်သွယ်မှုဆက်ဆံရေးများတွင် ယုံကြည်မှုကင်းမဲ့စေပြီး အတက်အကျများ ဖြစ်ပေါ်စေကာ စီးပွားရေးအကျိုးဆက်များအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လာစေပါသည်။
ကိုးကား-AL JAZEERA