ဂရင်းလန်းတွင် နေတိုးစစ်တပ် တိုးမြှင့်ချထားရန် ဂျာမနီ ဝန်ကြီးချုပ် ထောက်ပြ

News Image

  • ဂရင်းလန်းတွင် နေတိုးစစ်တပ် တိုးမြှင့်ချထားရန် ဂျာမနီ ဝန်ကြီးချုပ် ထောက်ပြ

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz က နေတိုးအနေဖြင့် ဂရင်းလန်းတွင် စစ်တပ်ချထားမှုကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ထောက်ပြ ပြောဆိုခဲ့သည်။ 

ရာသီဥတုအပြောင်းအလဲကြောင့် အာတိတ်ဒေသတွင် ရေခဲများအရည်ပျော်ကာ ရေကြောင်းလမ်းသစ်များ ဖော်ဆောင်လာနိုင်သဖြင့် ရုရှားနှင့် တရုတ်တို့၏ လှုပ်ရှားမှုများက ထိုဒေသလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိရာ နေတိုးတပ်ဖွဲ့အနေဖြင့် စစ်ရေးအင်အား တိုးမြှင့်ချထားသင့်ကြောင်း ပြောကြားလိုက်ပါသည်။ 

ဂျာမနီဝန်ကြီးချုပ် Scholz သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကို ဝယ်ယူရန် အစီအစဉ်ကိုလည်း ဝေဖန်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည့် ဂရင်းလန်းဒေသ လုံခြုံရေးစာချုပ်အရ ဒုံးကျည်ရန်ကာကွယ်ရေးဆောင်ရွက်ရန် ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဂရင်းလန်းတွင် အမေရိကန်၏ Pituffik လေကြောင်းအခြေစိုက်စခန်း တည်ရှိနေပါသည်။

ကိုးကား -TASS