သံမဏိနှင့် အလူမီနီယံသွင်းကုန်များအားလုံးကို အခွန် ၂၅% စည်းကြပ်မည် ဟု ထရမ့် ပြောကြား
ကနေဒါနှင့် မက္ကဆီကို အပါအဝင် အခြားနိုင်ငံများမှ တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံများကို အမေရိကန်ပြည်ထောင်စုက သွင်းခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မည့်ကိစ္စအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်းနှင့် နောက်ထပ်သွင်းခွန်များကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင် သမ္မတ ထရမ့်က ပြောကြားခဲ့ပါသည်။
နယူးအော်လန်မြို့တွင် ကျင်းပသည့် အမေရိကန်၏ အကြီးကျယ်ဆုံး အားကစားပွဲ Super Bowl သို့ တက်ရောက်ရန် ဖလော်ရီဒါမှ ထွက်ခွာသည့် Air Force One လေယာဉ်ပေါ်တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဂါဇာ နှင့် ယူကရိန်းစစ်ပွဲများနှင့်ပတ်သက်၍လည်း ထရမ့်က မှတ်ချက်ပြု ပြောကြားခဲ့ပါသည်။
ကိုးကား-AP
MM-News-Category